မြို့သိမ်းတိုက်ပွဲများ အကြာမီဖော်ဆောင်တော့မည်ဟု YDF အသိပေး၊ မြိုု့သိမ်းတိုက်ပွဲ အကြောင်းပြ ၍ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိပဲ ပြည်သူလူထုအပေါ် ငွေကြေးကောက်ခံနေသည့် ပသုံးလုံးအဖွဲ့အ စည်းများကို ဒီမိုကရေစီနည်းကျ ရွေးချယ်ကာ ပြန်လည်ဖွဲ့စည်းပေးရန်တောင်းဆို
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၃၀
မကွေးတိုင်း ၊ ယောဒေသအတွင်း၌ မြို့သိမ်းတိုက်ပွဲများ အကြာမီဖော်ဆောင်တော့မည်ဖြစ်သဖြင့် တိုက်ပွဲကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် စစ်ဘေးအန္တရာများကို ကြိုတင်ပြင်ဆင်ထားကြရန် ယောဒေသကာကွယ်ရေးတပ် – YDF က ထုတ်ပြန်သည်။
ယနေ့အချိန်ကာလသည် အာဏာသိမ်း စစ်ကောင်စီထံမှ ကျွန်ုပ်တို့အားလုံး ပိုင်ဆိုင်သော နယ်မြေ၊ ရပိုင်ခွင့်များနှင့် အခွင့်အရေးများအား ပြန်လည်ရယူနိုင်ရေးအတွက် မြိုသိမ်းတိုက်ပွဲများ ဖော်ဆောင် ပြီး ပြန်လည်တိုက်ယူရမည့် အချိန်အခါ ဖြစ်သည့်အတွက် ပြည်သူလူထု ထောက်ပံ့ထည့်ဝင်သော ထောက်ပံ့ငွေများကို စနစ်တကျ အလေအလွင့်မရှိ ကောက်ခံနိုင်ရန်လိုသလို ထိုထောက်ပံ့ငွေများ သည် မြိုသိမ်းတိုက်ပွဲများကို ဖော်ဆောင်မည့် တပ်ဖွဲ့များထံသို့ ရောက်ရှိရန် အထူးလိုအပ်ကြောင်း အသိပေးထားသည်။
တိုက်ပွဲများကို လက်တွေ့ကျကျ ဆင်နွှဲခဲ့ပြီး လာမည့်အနာဂါတ်တွင် မြို့သိမ်းတိုက်ပွဲများကို ဦးတည် ကြိုးစားဆောင်ရွက်နေသည့် ယောကာကွယ်ရေးတပ်-YDF အနေဖြင့် စစ်ရေးအရှိန်မြင့်တင်ပြီး မကြာ မီ တိုက်ပွဲများ ဖော်ဆောင်တော့မည်ဖြစ်ကြေင်း၊ ထိုအတွက်ကြောင့် မိဘပြည်သူများအနေဖြင့် တိုက် ပွဲကာလများအတွင်း ဖြစ်ပေါ်လာနိုင်သည့် စစ်ဘေးအန္တရာယ်များကို ကြိုတင် ပြင်ဆင်ထားကြရမည့် အချိန်ဖြစ်၍ မိမိတို့၏ တန်ဖိုးကြီးပစ္စည်းများအား သေချာသိမ်းဆည်းထားရန်နှင့် စစ်ဆင်ရေးကာလ အတွင်း အခက်အခဲများ မကြုံတွေ့နိုင်စေရန် ရိက္ခာနှင့် ဆေးဝါး များအား ကြိုတင်ပြင်ဆင်ထားကြပါ ရန် ကြိုတင် အသိပေးတိုက်တွန်းထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်အာဏာသိမ်းမှုဒဏ်ကို ယောဒေသအပါဝင် မြန်မာ တစ်နိုင်ငံလုံးတွင် ရှိကြသော ပြည်သူများအားလုံး ရင်ဆိုင်ခံစားလာခဲ့ရသည်မှာ ၄ နှစ်ကျော်ကာလသို့ ချဥ်းနင်းရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး ယင်းကာလများအတွင်း ပြည်သူများအနေဖြင့် အသက်အိုးအိမ်စည်း စိမ်များစွာလည်း ဆုံးရှုံးခဲ့ရသလို အကြမ်းဖက်စစ်ကောင်စီ၏ဗုံးမိုးရွာချမှုကြောင့် စိတ်မလုံခြုံစွာ အ ကျပ်အတည်းများစွာဖြင့် အသက်လုရှင်သန်နေကြရကြောင်း ယောဒေသကာကွယ်ရေးတပ် -YDF က ပြောဆိုသည်။
တဖက်တွင်လည်း အုပ်ချုပ်ရေး အမည်ခံထားသည့် ဂန့်ဂေါမြို့နယ် ပသုံးလုံး အဖွဲ့အစည်းများ၏ စည်းစနစ်မရှိသော ငွေကြေးခွဲတမ်း ကောက်ခံမှုများကိုလည်း စဥ်ဆက်မပြတ် ဒုက္ခသုက္ခကြားမှ ဖြစ်ညှစ်ပေးကမ်းရင်း အသက်ဆက်နေရသည့် ဘဝသို့ ရောက်ရှိနေသည်နေကို စိတ်မကောင်းစွာ တွေ့မြင်နေရသည် ဟုဆိုသည်။
ဂန့်ဂေါမြိုနယ်အတွင်းရှိ ပသုံးလုံးအဖွဲ့များဖြစ်သည့် ပကဖ၊ ပအဖ၊ ပလဖ များအနေဖြင့် မြိုသိမ်း တိုက်ပွဲများ အကြောင်းပြ၍ ငွေကြေးခွဲတမ်းကောက်ခံမှုများကို တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲပြု လုပ်နေသည်ကို တွေ့ရှိရပြီး အချို့သော ကျေးရွာများတွင် အတင်းအဓမ္မ ငွေကြေးကောက်ခံမှုများပင် ရှိနေသည်ကို တွေ့ရှိရကြောင်း ယောဒေသကာကွယ်ရေးတပ် – YDF က ထောက်ပြထားသည်။
ရပ်/ကျေးအဆင့် အုပ်ချူပ်ရေးမှူးများနှင့် ပြည်သူလူထုများသည် မြို့နယ် ပသုံးလုံးမှ ကောက်ခံသည် ဟုသာ သိရှိထင်မြင်ကြပြီး မြို့နယ် ပအဖ ၊ ပကဖ ၊ ပလဖ များထံ ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့ မှ ကျေးရွာပြည်သူလူထု၏ သဘောဆန္ဒအလျောက် ကောက်ယူခြင်းသာဖြစ်ကြောင်း ပြန်လည်ဖြေဆို ခဲ့ကာ ၎င်းတို့အချင်းချင်း လက်ညိုးထိုး လွှချ၍ ဘော်လီဘော ပုတ်နေသည့်အတွက် ပြည်သူလူထု အ တွက် အမှန်တကယ် နစ်နာစေသော လုပ်ရပ်များဖြစ်ကြောင်း YDF တပ်ဖွဲ့က ဆက်လက်ပြောဆိုထား သည်။
ယောကာကွယ်ရေးတပ် – YDF အနေဖြင့် ကျေးရွာ၊ မြို့နယ် အဆင့်ဆင့်တွင် အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းရာတွင် အောက်ခြေကျေးရွာအဆင့်မှစ၍ ပြည်သူလူထုတို့ ယုံကြည်ကိုးစားရသည့် ရပ်ရွာခေါ င်း ဆောင်များကို အောက်ခြေပြည်သူများက အများသဘောဆန္ဒဖြင့် ယုံကြည်သူများကို ဒီမိုကရေစီ နည်းလမ်းအရ ရွေးချယ်ခန့်အပ်သည့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကိုပြန်လည်ဖွဲ့စည်းစေပြီး ထိုမှ တဆင့် ကျေးရွာ အုပ်စုခေါင်းဆောင်များ၏ ယုံကြည်ကိုးစားမှုရှိသူတို့ကို မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ ဝင်များအဖြစ် ဖွဲ့စည်းပေးခြင်းသည်သာ အရည်အချင်းမရှိဘဲ အပေါ်မှချပေးသည့်မိုးကျရွှေကိုယ် အခွင့်အရေးသမားများကို ဖယ်ထုတ်နိုင်ကာ အာဏာအလွဲသုံးစားကိုယ်ကျိုးရှာမှုများကို ရပ်တန့်နိုင် မည်ဟု ယုံကြည်ကြောင်း အသိပေးထားသည်။
ပျက်စီးယိုယွင်းနေသော ပသုံးလုံးအဖွဲ့များကို ပြန်လည်စီစစ်ပြီး အချိန်မနှောင်းမီ လူထုရွေးချယ်မှုဖြင့် ပြန်လည်ဖွဲစည်းကြရန် အချိန်ကျပြီဖြစ်ပြီး YDF အနေဖြင့်ပြည်သူတို့နှင့်တသားတည်းရပ်တည်ကာ ပြည်သူ့ဆန္ဒနှင့်အညီ အုပ်ချုပ်ရေးအဖွဲ့များ ပေါ်ပေါက်လာရန် အကူအညီပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် ၎င်းကိစ္စများအား သက်ဆိုင် ရာ နယ်မြေဒေသအလိုက် ကာကွယ်ပေးရင်း ပြည်သူလူထုထောက်ခံသည့် အုပ်ချုပ်ရေးအဖွဲ့များ ပေါ် ပေါက်လာရန်အတွက် ကူညီဆောင်ရွက်ပေးပါရန် တိုက်တွန်းနှိုးဆော်ထားသည်။
ထို့အပြင် ယောကာကွယ်ရေးတပ်-YDF အနေဖြင့် ပြည်သူလူထုထံမှ တကြိမ်တခါမျှ ငွေကြေးခွဲတမ်း (ဆက်ကြေး) ကောက်ယူ ခြင်းများ မရှိခဲ့သလို ထိုကဲ့သို ငွေကြေးခွဲတမ်းကောက်ခံမှုများကိုလည်း မှန် ကန်သည့်လမ်းကြောင်းများပေါ် မှ စစ်ဆေးဖော်ထုတ်အရေးယူပြီး ပြည်သူလူထုအား အသိပေး ကာ ကွယ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media