Sagaing News

0 0
Read Time:4 Minute, 10 Second

အရာတော်မြို့နယ်၊ သစ်ကျင်းကြီးရွာ၌ စခန်းချနေသော စစ်သား၊ ပျူများက ၎င်းတို့ကို ထောက်ခံ သည့် အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အရွယ် လူငယ် ၂ ဦးအပါအဝင် ရွာသား ၃ ဦးကို ပစ်သတ်ပြီး PDF အလောင်းများ သိမ်းဆည်းရရှိသည်ဟု ဝါဒဖြန့်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၉

 

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးရွာ၌ စခန်းချနေသော စစ်သား၊ ပျူများ က ၎င်းတို့ ထောက်ခံသည့် အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အရွယ် လူငယ် ၂ ဦးအပါအဝင် ရွာ သား ၃ ဦးကို ပစ်သတ်ပြီး PDF အလောင်း ၃ လောင်းနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရရှိသည်ဟု ဝါဒ ဖြန့်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

 

ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာ အနီးရှိတော တိုက်ထဲတွင်နေထိုင်သူ သစ်ကျင်းကြီးရွာသား၊ စစ်တပ်ထောက်ခံသူ အသက် ၁၄ နှစ် အရွယ် မောင်ဝ တုတ်၊ အသက် ၁၆ နှစ်အရွယ် စန်းသူချစ်နှင့် အသက် ၄၀ အရွယ် ဦးဖိုးဇော် တို့ သည် သစ်ကျင်းကြီး ကျေးရွာအတွင်း ရေချိုးပြန်စဉ် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား၊ ပျူ များက ပစ်ခတ်သတ် ဖြတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးရွာ ပြည်သူ့စစ်စခန်းကို အကြမ်းဖက် PDF များမှ လက်လုပ်စိန်ပြောင်းဖြင့် လာရောက်ပစ်ခတ်မည်ဖြစ်ကြောင်း သတင်းပေးထံမှ တိကျစွာ သတင်းရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့များနှင့် ပြည်သူ့စစ်များက ကင်းပုန်းဝပ် စောင့်ဆိုင်းပစ်ခတ်ခဲ့ရာ PDF အလောင်း ၃ လောင်း၊ လုပ်လုပ် ပစ္စတို ၁ လက်၊ အိုင်ကွန် ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု အကြမ်းဖက်စစ်တပ် လော်ဘီချန်နယ်များက ဝါဒဖြန့်ထားကြောင်း သိရသည်။

“သေတဲ့သူ ၃ ဦးက သူတို့ကို ထောက်ခံတဲ့ ပြည်သူတွေ၊ သူတို့ ၃ ယောက်က သစ်ကျင်း ကြီးရွာအပြ င်ဘက်က တောထဲမှာနေတာပေါ့၊ ရွာနားလေးပဲ။ အဲဒီ ၃ ယောက်က ရွာထဲကို ရေပြန်ချိုး တဲ့အချိန် PDF တွေလာပြီဆိုပြီး သတင်းမှားပေးထားတာရှိတော့ ပျူကင်းပုန်းကနေ PDF တွေလာ တာထင်ပြီး မှားပစ်လိုက်တာ၊ အဲဒီမှာသေသွားတာ၊ အဓိကတော့ သူတို့အချင်းချင်း သတင်းမှားပေးတဲ့ ပုံစံမျိုးနဲ့ ပစ်ခံလိုက်ရတာပေါ့၊ ဒါကို ကျနော်တို့ PDF တွေပါဆိုပြီးတော့ တင်ထားတာ။ သူတို့အချင်း ချင်း အ မှား လုပ်တာကို ဖုံးတာပေါ့။” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

 

ယင်းနေ့က မည်သည့်တိုက်ပွဲမှ မရှိသလို တော်လှန်ရေးတပ်ဖွဲ့မျးကလည်း ဝင်ရောက် တိုက်ခိုက်ခြင်း မရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူများ၊ မိသားစုဝင်များအနေဖြင့်လည်း အကြမ်း ဖက် စစ်တပ်ကို ကြောက်ရွံ့ကာ လုံခြုံမှုမရှိတော့သည် ကိုယ်တိုင်ခံစားနေပြရပြီဖြစ်ပြီး အချိန်မီပြုပြင် ၍ ပြည်သူ့ဘက် ပူးပေါင်းကြပါရန် ၎င်းက ဆက်လက်တိုက်တွန်းထားသည်။

 

“အဲဒီနေ့က ဘာတိုက်ပွဲမှလည်းမရှိဘူး။ ဘယ်သူမှလည်းသွားမတိုက်ကြဘူး။ သူတို့ကို ထောက်ခံနေ တဲ့ ပြည်သူတွေပဲ၊ ဖြစ်တာက နေ့လည် ၁ နာရီခွဲလောက်ဖြစ်သွားတာ၊ အခုလိုမျိုး စကစက သူတို့ကို ထောက်ခံ တဲ့ ပြည်သူတွေကိုလည်း သတ်ဖြတ်နေတာ၊ သူတို့ကို ထောက်ခံနေတဲ့ ပြည်သူတွေ၊ ပျူ တွေ ရဲ့ မိသားစုကိုယ်တိုင်တောင် လုံခြုံမှုမရှိဘူးဖြစ်နေတယ်၊ ဒါကြောင့် ဘုံရန်သူကို မြင်ပြီး ပြည်သူ လူထု နဲ့ ပူးပေါင်းစေချင်တယ်” ဟု ပြောကြားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *