International News

0 0
Read Time:7 Minute, 36 Second

မြန်မာအကြမ်းဖက်စစ်တပ်အပေါ် လောင်စာဆီရောင်းချပေးနေသည့် စင်္ကာပူနိုင်ငံ အခြေစိုက် Interra Resources ကုမ္ပဏီကို ရေးယူပေးရေး Justice For Myanmar ကတောင်းဆို

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၉

 

မြန်မာအကြမ်းဖက်စစ်တပ်အပေါ် လောင်စာဆီများရောင်းချပေးနေသည့် စင်္ကာပူနိုင်ငံ အခြေစိုက် Interra Resources ကုမ္ပဏီကို ရေးယူပေးရေး Justice For Myanmar ကတောင်းဆိုလိုက်သည်။

 

Interra Resources Limited သည် မြန်မာစစ်အုပ်စု၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တရားမ ဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ၂၀၂၃ ခုနှစ် နှစ်ကုန်အထိ မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ထံ ရေနံစည်ပေါင်း ၂.၃ သန်း ထောက်ပံ့ခဲ့သည့် Goldpetrol Joint Operating Company Inc. ၏ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း၊ စင်ကာပူ စတော့အိတ်ချိန်းစာရင်းဝင် Interra Resources ကုမ္ပဏီ၏ မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းများသည် အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကျော်တန်ဖိုးရှိသော ရေနံစည်ပေါင်း ၂ သန်းကျော်ကို စစ်အုပ်စုထံ ထောက်ပံ့ခဲ့ပြီး စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးအတွက် လောင်စာဖြည့်တင်း ပေးလျက်ရှိ ကြောင်း သိရသည်။

 

“Interra Resources က အကြမ်းဖက်စစ်အုပ်စုဆီ ရေနံတွေဆက်လက်ရောင်းချပြီး မြန်မာစစ်အုပ်စု ရဲ့ နိုင်ငံတကာရာဇဝတ်မှု တွေမှာ ကြံရာပါ ပတ်သက်နေပါတယ်။ MOGE နဲ့ အဲ့ဒီကုမ္ပဏီရဲ့ စီးပွား ဆက်နွှယ်မှုက ကလေးသူငယ်တွေကို သတ်ဖြတ်၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ဖျက်ဆီးခဲ့ပြီး၊ လူပေါင်း ၃ သန်းကျော်ကို နေရပ်စွန့်ခွာစေခဲ့တဲ့ စစ်အုပ်စုက တိုးမြှင့်ကျူးလွန်နေတဲ့ အကြမ်းဖက် စစ် ဆင်ရေးကို တိုက်ရိုက်ပံ့ပိုးကူညီနေပါတယ်။ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့ လောင်စာဆီရရှိ နေမှုတွေကို ဖြတ်တောက်ဖို့ နိုင်ငံတကာ အရေးယူမှုတွေ ကင်းမဲ့နေတာက Interra Resources ကို အခုလို စီးပွားရေး ပေးလုပ်နေလို့ ဖြစ်ပါတယ်။ စင်ကာပူအပါအဝင် အစိုးရတွေအနေနဲ့ ရှေ့ထွက်ပြီး၊ စစ်အုပ်စုအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရပါမယ်။ စစ်အုပ်စုရဲ့ မသမာစီးပွားရေး လုပ်ငန်းတွေမှာ သူတို့ကုမ္ပဏီတွေနဲ့ နိုင်ငံသားတွေ ပါဝင်မှုကို အဆုံးသတ်ရပါမယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။

အဆိုပါရေနံများကို စစ်အုပ်စုက စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ ဝတ်မှုများကို ကျူးလွန်လျက်ရှိသည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ Goldpetrol ၏ ကုန်းတွင်းရေနံ မြေ ၂ ခုဖြစ်သော ချောက်နှင့် ရေနံချောင်းတို့မှ ထုတ်ယူခဲ့ကြောင်း သိရသည်။

 

ကုမ္ပဏီ၏ စတော့အိတ်ချိန်းသို့ ထုတ်ပြန်ချက်များ၊ Justice For Myanmar နှင့် ယူကေ သတင်း ထောက်အဖွဲ့အစည်း Finance Uncovered တို့မှ လေ့လာသုံးသပ်ခဲ့သည့် လျှို့ဝှက်ပေါက်ကြား လာ သော ဘဏ္ဍာရေးအစီရင်ခံစာများအရ အဆိုပါကာလအတွင်း Interra Resources သည် မြန်မာပြည် တွင်း လုပ်ငန်းများမှ ဝင်ငွေ ၅၅ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါရေနံများကို မန်းသံပုရာကန်ဓာတုဗေဒစက်ရုံစုတွင် သန့်စင်ချက်လုပ်ပြီး ယင်းစက်ရုံစုကို စစ်အုပ်စုက တရားမဝင်ထိန်းချုပ်ထားသည့် စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ မြန်မာ့ရေနံဓါတုဗေဒ လုပ်ငန်း (MPE) က ကြီးကြပ်လုပ်ကိုင်ကြောင်း သိရသည်။

 

လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်အပေါ် နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ရင်ဆိုင်နေရ သော စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးများကျူးလွန်နိုင်ရန် လောင် စာဆီရှာဖွေရေးအတွက် အသည်းအသန် ကြိုးပမ်းနေလျက်ရှိရာ မန်းရေနံချက်စက်ရုံသည် အရပ် သားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ရာတွင် အသုံးပြုသည့် လေယာဉ်များ၊ ထရပ် ကားများနှင့် တင့်ကားများကို မောင်းနှင်နိုင်ရန် လိုအပ်သည့် ဒီဇယ်နှင့် လေယာဉ်ဆီများကို ချက်လုပ် ပေးလျက်ရှိကြောင်း သိရသည်။

 

၂၀၂၃ ခုနှစ်၊ သြဂုတ်လအထိ Interra Resources ကုမ္ပဏီကို အင်ဒိုနီးရှားဘီလီယံနာသူဌေးကြီး Edwin Soeryadjaya က ဥက္ကဌအဖြစ် ဦးဆောင်ခဲ့ပြီး ၎င်သည် ကုမ္ပဏီ၏ ၁၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ကာ ၎င်းနှင့်အတူ အင်ဒိုနီးရှားနိုင်ငံ ဂျိုကိုဝီဒိုဒိုအစိုးရလက်ထက် ခရီးသွားလာရေးနှင့် တီထွင် စီးပွား ဝန်ကြီးဟောင်း Sandiaga Salahuddin Uno လည်း ပါဝင်ကြောင်း သိရသည်။

 

Uno သည် ၂၀၁၆ ခုနှစ်အထိ Interra Resources ၏ ဒုတိယဥက္ကဌ ဖြစ်ခဲ့ပြီး မကြာသေးမီအထိ အနည်းစုရှယ်ယာရှင် တစ်ဦးဖြစ်ကြောင်း သိရသည်။

 

Goldpetrol ကုမ္ပဏီ၏ ဖက်စပ်လုပ်ငန်းမိတ်ဖက်သည် တရုတ်ကုမ္ပဏီ ZhenHua Oil Co. Ltd ၏ လက်ခွဲကုမ္ပဏီ North Petroluem International Co. Ltd. ဖြစ်ပြီး ZhenHua Oil Co. Ltd ကုမ္ပဏီ သည် မြန်မာစစ်အုပ်စုအတွက် အဓိကစစ်လက်နက်ရောင်းချသူ တရုတ်နိုင်ငံပိုင်ကုမ္ပဏီ NORINCO ၏ ကုမ္ပဏီခွဲ ဖြစ်ကြောင်း သိရသည်။

 

Interra Resources အနေဖြင့် စစ်အုပ်စုထံ ရေနံရောင်းချထောက်ပံ့နေမှုကို ချက်ချင်းရပ်တန့်ရန်၊ စင် ကာပူစတော့အိတ်ချိန်းအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့ထားသည့်အဖွဲ့အစည်းတစ်ရပ်ဖြင့် စီးပွားရေး ဆက် လက်လုပ်ဆောင်မှု၊ စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သတ်မှုများအတွက် Interra Resources အား စည်းမျဉ်းပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန် Justice For Myanmar က တိုက်တွန်းတောင်းဆိုထားသည်။

 

MOGE နှင့် Interra Resources တို့အကြား ငွေပေးချေယူမှုများကို ဆောင်ရွက်ပေးသည့် စစ်အုပ်စု ထိန်းချုပ်ဘဏ်များအပါအဝင် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) နှင့် မြန်မာ့ရေနံ ဓါတုဗေဒလုပ်ငန်း (MPE) တို့အပေါ် အစိုးရများအနေဖြင့် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ စုပေါင်း ချမှတ်ရန် လိုအပ်ကြောင်း ဆက်လက် တောင်းဆိုထားသည်။

 

စင်ကာပူနိုင်ငံအနေဖြင့် ၎င်း၏ပိုင်နက်အတွင်းရှိ ကုမ္ပဏီများနှင့် နိုင်ငံသားများအား စစ်အုပ်စုထံ ရုပ် ဝတ္ထုပိုင်းဆိုင်ရာပစ္စည်းများ ထောက်ပံ့ကူညီပြီး မြန်မာနိုင်ငံတွင်း အကျပ်အတည်းများ ရှည်ကြာနေ ခြင်းမှ ကာကွယ်တားဆီးရန် အထူးတာဝန်ရှိကြောင်း၊ ၎င်းတို့အနေ ဖြင့် စစ်အုပ်စု၏ စစ်ရာဇဝတ် မှုများတွင် Interra Resources ၏ ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ရန်အတွက် အရေးယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *