TNLA တပ်မတော်တွင် အပတ်စဥ် ၃ ဗိုလ်သင်တန်းကျောင်းသားများအား Senior Cadet ဒေါက် တင်ပွဲ အခမ်းအနား ကျင်းပ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၈
တအာင်းပြည်၊ လွတ်မြောက်တနေရာ၌ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တွင် ဖွင့် လှစ်ခဲ့သည့် အပတ်စဉ် ၃ ဗိုလ်သင်တန်းကျောင်းသားများအား Senior Cadet ဒေါက်တင်ပွဲ အခမ်း အနား ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့က တအာင်းပြည်၊ လွတ်မြောက်နယ်မြေတစ်နေရာ၌ ကျင်းပသည့် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အပတ်စဥ် ၃ ATA ဗိုလ်သင်တန်းကျောင်းသားများ အား Senior Cadet ဒေါက် တင်ပွဲ အခမ်းအနား ကျင်းပခဲ့ရာTNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တား ဟိုပလန် နှင့် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်တားဂေါင်ဆဲင်တို့မှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
“တ အာင်းပြည်တွင်းရှိ မိဘပြည်သူများ၏ ဘေးကင်းလုံ ခြုံရေး၊ တအာင်းဒေသကာကွယ်နိုင်ရေးနှင့် အဖိ နှိပ် ခံဘဝမှ လွတ်မြောက်ရေး ရရှိအောင် ကြိုးပမ်းရမည်” ဖြစ်သည်ဟု TNLA စစ်ဦးစီးချုပ် ဗိုလ် ချုပ် တားဟိုပလန်မှ ပြောကြားခဲ့ကြောင်း သိရသည်။
အပတ်စဉ် ၃ ဗိုလ်သင်တန်းကျောင်းသည် ၅ နှစ်ကျော် သင်တန်းဖြစ်ပြီး ၃ နှစ်ကျော် သင်တန်းကာလ ပြီးသွားသည့် ဗိုလ်လောင်းများအား ယခုကဲ့သို့ Senior Cadet ဒေါက် တင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အခမ်းအနားသို့ TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်၊ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဂေါင် ဆဲင်၊ ဗိုလ်သင်တန်းကျောင်းအုပ် ဗိုလ်မှူးတားအောင်မြတ်၊ သင်တန်းလေ့ကျင့်ရေးအရာရှိများ၊ ATA ဗိုလ်သင်တန်းသားများ နှင့် မိဘပြည်သူများ စုစုပေါင်း ၂၅၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရ သည်။
Thanlwin Myanmar Media