Magway News

0 0
Read Time:3 Minute, 42 Second

ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ -တညောင်လမ်းပိုင်း ကပစ ၂၁ မှ တပ်ကြပ်ကြီး အောင်ကြည်ဆန်းနှင့် Non CDM ဝန်ထမ်းများကို စစ်ဆေးဖမ်းဆီးစဉ် ပြန်လည်ခုခံသည့် တကက အောင်ကြည်ဆန်း သေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၈

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ -တညောင်လမ်းပိုင်း၌ ကပစ ၂၁ မှ တပ်ကြပ်ကြီး အောင်ကြည် ဆန်းနှင့် Non CDM ဝန်ထမ်းများကို စစ်ဆေးဖမ်းဆီးစဉ် ပြန်လည်ခုခံတိုက်ခိုက်သည့် တကက အောင်ကြည်ဆန်းသည် သေဆုံးသွားကြောင်း ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ Caf -Spupdf တပ်ဖွဲ့ထံမှ သိရသည်။

 

ဇန်နဝါရီလ ၂၅ ရက် ညနေ ၂ နာရီ ၅၀ မိနစ်အချိန်က ဆိပ်ဖြူမြို့နယ် ၊ ဆိပ်ဖြူ – တညောင်လမ်းပေါ် အောက်ဆိပ်ကျေးရွာရှိ ဆုံဆည်းရာ စားသောက်ဆိုင်မှ စားသောက်ပြီး ပြန်လာသည့် ကပစ ၂၁ မှ တကက အောင်ကြည်ဆန်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ Non CDM ဝန်ထမ်း ၃ ဦးကို ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ဆေးဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဖမ်းဆီးစဉ် တကက အောင်ကြည်ဆန်းသည် အသာတကြည် အစစ်ဆေးမခံပဲ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအား ကိုယ်ထိလက်ရောက် ပြန်လည်ခုခံတိုက်ခိုက်သဖြင့် ပစ်ခတ်ဖမ်းဆီးရာ နေရာမှာပင်သေဆုံးသွားကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ Non CDM ဝန်ထမ်း ၃ ဦးကို အသာ တကြည် ဖမ်းဆီးခေါ်ဆောင်ခဲ့ကာ စစ်ဆေးပြီးနောက် အကြမ်းဖက်စစ်အာဏာရှင် လက်အောက်၌ ဆက်လက် အလုပ်မလုပ်ရန် မှာကြားကာ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

Photo – ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးသွားသော တကက အောင်ကြည်ဆန်း

 

“ဆိုင်ကယ်နဲ့ ဆိပ်ဖြူမြို့ပေါ်ကို ပြန်လာကြတာပါ။ ကျန်းမာရေးဝန်ထမ်းတွေက ကျနော်တို့ ပြောတာ သာသာယာယာလေးနဲ့ လိုက်နာပါတယ်။ ကျနော်တို့အနေနဲ့က စကစ တပ်ကြပ်ကြီးကိုလည်း ကောင်းကောင်းမွန်မွန် ပြောဆိုဖမ်းတာပါပဲ။ သူက မူးလဲမူးနေတော့ ရဲဘော်တွေကို ကိုယ်ထိလက် ရောက် ခုခံတာ။ အဲဒါကြောင့် ပစ်ခတ်လိုက်ရတာပါ။ အသာတကြည် ဖမ်းခံရင် ကျနော်တို့အနေနဲ့က လက်ဖျားနဲ့တောင် မထိပဲနဲ့ ခေါ်ဖို့ပါပဲ။” ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ Caf -Spupdf တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ လုပ်ဆောင်မှုကို အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီးဌာန အမှတ် ၁ စစ်ဒေသ ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ နှင့် တပ်ခွဲ ၃ တို့ ပူးပါင်းကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး သေဆုံးသွားသော တကက အောင်ကြည်ဆန်းထံမှ ဖုန်း ၁ လုံး ၊ ဆိုင်ကယ် ၁ စီးနှင့် သက်ဆိုင် ရာ စာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့ရှိခဲ့ကြောင်း သိရသည်။

 

“ကျနော်တို့အနေနဲ့ ကြိုးစားနေပါတယ်။ ဒီထက်အောင်မြင်အောင် လုပ်နိုင်ဖို့ဆိုတာထက် အာဏာရှင် စနစ် ဆုံးခန်းတိုင်စေဖို့ မိဘပြည်သူတွေရဲ့ ပံ့ပိုးကူညီမှုလည်း အများကြီးလိုပါတယ်” ဟု ပခုက္ကူ ခရိုင် အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ Caf -Spupdf တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *