Poem

0 0
Read Time:1 Minute, 2 Second

ကဗျာကဏ္ဍ “လမ်း”

 

ပျိုးကြဲလက်

 

နတ်ရကာ ဗုံပတ်နှင့်

သူပုန်တပ် ဥသျှောင် ။

 

ရက်ရာဇာ ဆောင်ထားလို့

ပြဿဒါးရှောင် ။

 

ဓာတ်နတ်နဲ့ ဗေဒင်ယောင်

တပ်လုံးပြောင်အောင် စစ်ရှုံး ။

 

စစ်ခေါင်းဆောင် သူ့ရဲမက်နှင့်

ပိုင်နက်တွေဆုံး ။

 

ယတြာ ကိန်းခန်းနဲ့

သိမ်းမြန်း၍ မနိုင်ပြီ ။

 

ကမ္ဘာကို နတ်သံနှောလို့

ပြောရစုံညီ ။

 

ပြည့်တပ်က အလီလီ

အောင်တေးသီ သိမ်းကျုံး ။

 

စစ်ရှုံးမောင် ထိန်းမရတယ်

ပြည်သူ့နှလုံး ။

 

သည်တပ်မှာ သည်မူနဲ့

သည်လူတို့ ဦးဆောင် ။

 

မသေချင် ရှောင်ဟဲ့အဝေး

ပြေးကြကွယ့်မောင် ။

 

လူ့ဗာလ အူကြောင်ကြောင်

ယောင်တောင်တောင်တွေ ခံစမ်း ။

 

ပြည့်ရဲဘော် ညီနောင်ထုသာ

ပြည်သူ့ထံလှမ်း ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် ညနေ ၅ နာရီ ၁၇ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *