လွိုင်ကော်မြို့နယ်တွင် အတင်းအဓမ္မစစ်ထဲထည့်သွင်းခံရသည့် စစ်မှုထမ်း တပ်သား ၇ ဦး လက်နက် ခဲယမ်းများ နှင့်အတူ KNDF ထံ ဝင်ရောက်ခိုလှုံ ၊ စစ်မှုထမ်းစစ်သားများအနေဖြင့် အခွင့်အရေးရလျှင် ရလို တော်လှန်ရေးတပ်ဖွဲ့များထံ ချိတ်ဆက်အလင်းဝင်ရောက်ကြရန် KNDF တိုက်တွန်း
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၆
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် အတင်းအဓမ္မစစ်ထဲထည့်သွင်းခံရသည့် စစ်မှုထမ်း တပ်သား ၇ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဝင်ရောက်ခိုလှုံခဲ့ကြောင်းနှင့် စစ်မှုထမ်းစစ်သားများအနေဖြင့် အခွင့် အရေးရလျှင်ရလို တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်ကြရန် KNDF ဗဟိုက တိုက်တွန်း ပြောကြားသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့က လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ အပြင်ဘက်ရှိ ထီးစဲခါးကင်းစခန်း တစ်ခု ၌ တာ ဝန်ကျနေသော ခလရ ၂၄၇ တပ်ရင်းမှ တပ်သား ၄ ဦးသည် MA-3 အမျိုးအစား သေ နတ် ၃ လက် ၊ MA-1 အမျိုးအစား သေနတ် ၁ လက်တို့နှင့်အတူ KNDF တပ်ရင်းအသီးသီးထံသို့ ရောက်ရှိ ခိုလှုံခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း လွိုင်ကော်မြို့ပြင်ရှိ ကင်းစခန်းတစ်ခု၌ တာဝန်ကျနေ သော အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ခမရ ၄၃၀ တပ်ရင်းမှ တပ်းသား ၃ ဦးတို့ လက် နက်မဲ့ ထွက်ပြေးလာကာ KNDF သို့ ဝင်ရောက် ခိုလှုံလာခဲ့ကြောင်း သိရသည်။
၎င်းတို့ ၃ ဦးသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ၌ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် အတင်းအကြပ် တပ် သားစုဆောင်းခံရခြင်းဖြစ်ပြီး ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၌ စစ်သင်တန်း အပတ်စဉ် ၃ ဆင်းပြီးနောက် လွိုင်ကော်မြို့သို့ ပို့ဆောင်ခံခဲ့ရသူမျးဖြစ်ကြောင်း သိရသည်။
“အရင်တုန်းကတော့ လက်နက်နဲ့အလင်းဝင်လာသူတွေကို ဆုချီးမြှင့်ငွေတွေပေးတယ်၊ သိန်း ၃၀ ၊ သိန်း ၄၀ စသဖြင့် အဲလိုပေးတာတွေရှိပါတယ်။ ဒီနောက်ပိုင်းမှာတော့ ဆုချီးမြှင့်ငွေတွေ အများကြီး တော့ မပေးနိုင်ပေမယ့် ဒီလိုဘက်ပြောင်းလာတဲ့သူတွေကိုတော့ ထိုက်သင့်တဲ့ ဆုချီးမြှင့်မှုတွေတော့ ပေးလျက်ရှိပါတယ်။ ပြီးတော့ သူတို့ကို ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားတယ်။ လွတ် မြောက်တဲ့နယ်မြေဘက်ကို သွားချင်တာမျိုးရှိရင် ပို့ပေးပါတယ်။” KNDF ဗဟို တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ အလင်းဝင်ရောက်လာသူများသည် အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း ဝင်ရောက်ရန် လုံးဝ ဆန္ဒမရှိကြပဲ စစ်တပ်က ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ စစ်တပ်အတွင်း ဆွဲသွင်းခြင်း ခံရကာ ကရင်နီ ပြည်နယ်တွင်းရှိ ရှေ့တန်းစစ်ဆင်ရေးများသို့ ပို့ဆောင်ခြင်းခံရသူများဖြစ်ကြောင်း၊ အကြမ်းဖက်စစ် တပ်ကို စွန့်ခွာပြီး ခိုလှုံဝင်ရောက်လာသူများကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း KNDF က ပြောဆိုသည်။
စစ်ကောင်စီ၏ တပ်သားများအဖြစ် ကျန်ရှိနေသောတပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်လူတစ်စု ၏ အကျိုးစီးပွားအတွက် ရပ်တည်နေမည့်အစား ယခုကဲ့သို့ စစ်ကောင်စီတပ်သားအဖြစ်မှ အချိန်မီ စွန့်ခွာပြီး ပြည်သူလူထုထံခိုလှုံခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ကြရန် KNDF ဗဟိုသတင်းနှင့် ပြန် ကြားရေးဌာနက တိုက်တွန်းထားသည်။
“စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းနေရတဲ့လူငယ်တွေအားလုံး တော်လှန်ရေးတပ်ဖွဲ့ တွေဘက်ကို ရတဲ့နည်းနဲ့ ဘက်ပြောင်းခိုလှုံလာဖို့ အလေးအနက်တိုက်တွန်းတောင်းဆိုချင်တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကရော ပြည်သူတွေကရော အတင်းအဓမ္မစစ်သားစုဆောင်းခံရသူတွေအား လုံးကို ကြိုဆိုလျက်ရှိတာကို ပြောကြားလိုတယ်။ စစ်ကောင်စီကို ဖြိုချဖို့အတွက် ကျနော်တို့ ကျရာ တာဝန်တွေကနေ ပါဝင်ရမှာဖြစ်တယ်။ စစ်မှုထမ်းနေရတဲ့ ညီအစ်ကိုတွေအားလုံး အခွင့်အရေးရရင် ရသလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပါ။ ပြည်သူတွေနဲ့ပူးပေါင်းပါ၊ တော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ချိတ်ဆက်လို့မရရင်တောင်မှ နီးစပ်ရာ ပြည်သူတွေ၊ ကျေးရွာနေပြည်သူတွေဆီကနေမှ ဘက် ပြောင်းခိုလှုံပါလို့ ပြောချင်ပါတယ်” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူ တစ်ဦး က တိုက်တွန်း ပြောကြားသည်။
Thanlwin Myanmar Media