မုံရွာ-မန္တလေးလမ်းပေါ်တွင် ကြေးနီတင်ယာဉ်တန်းနှင့် ကင်းပုန်းစစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၆
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းမပေါ်တွင် ကင်းပုန်းယူနေသော အကြမ်းဖက် စစ် သား၊ ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့ကြောင်း Special Force-11 (LPDF) တပ်ဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့က မုံရွာမြို့နယ်၊ တောပုရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထိးများညသ် မုံရွာ – မန္တလေး မိန်းလမ်းမကြီးပေါ်တွင် ဝါးထောင်အောင်မိုးရှေ့၌ လမ်းကင်းယူရင်း ခရီးသွား မိဘပြည်သူ့ အပေါ် အနိုင်ကျင့် ဆက်ကြေးလာကောက်နေစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၄ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အဲဒီနေရာက သူတို့ အမြဲတမ်းစုရပ်လုပ်နေကြနေရာပါ၊ မိုင်းဆွဲပြီးတော့ လက်နက်ငယ်တွေနဲ့ ပြန်ပစ် တာရှိတယ်၊ ၃ ဦးသေပြီး ၄ ဦး ဒဏ်ရာရတာအပြင် နောက်ဆက်တွဲ ထိခိုက်သေဆုံးမှုတွေလည်း ရှိနိုင် ပါတယ်” ဟု Special Force-11 (LPDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDFတပ်ခွဲ ၁ ၊ Special Force-11(LPDF) ၊ Monywa Special ဒိတ်ဒိတ်ကြဲအဖွဲ့ နှင့် Monywa Dynamite (STF) အဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မုံရွာမြို့တွင်းမှ မုံရွာ -မန္တလေးလမ်းအတိုင်း စစ်ကိုင်းဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ၏ ကြေးနီတင်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီးထိမှန်ပျက်စီးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ -လျှပ်စီးတပ်ခွဲထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက် နံနက် ၁၁ နာရီခန့်က မုံရွာမြို့မှ စစ်ကိုင်းဘက်သို့ မုံရွာ -မန္တလေးလမ်း အတိုင်း ထွက်ခွာလာသည့် ကြေးနီများသယ်ဆောင်လာသည့် ယာဉ်တန်းနှင့်လုံခြုံရေးလိုက်ပါလာ သော အကြမ်းဖက်စစ်ကောင်စီကားများကို ချောင်းဦး -မြင်းမူလမ်းပိုင်းတနေရာတွင် အသင့်ပြင်ဆင် သည့် မိုင်းများဖြင့် လုံခြုံရေးကား ၄ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကား ၁ စီးထိမှန်ကာ လမ်းပေါ်တွင် ထိုးရပ်သွားပြီး ကားပေါ်ပါ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီ ဝက်ခန့်ကြာသည်အထိ ရမ်း သမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ – လျှပ်စီးတပ်ခွဲ၊ Nway Oo Brothers စစ်ကြောင်း ၊ Eleven People Defense Force၊ ဗိုလ်နိုင် လေပွေ မုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( မုံရွာခရိုင် တပ်ရင်း ၁၅၊ တပ်ခွဲ -၃) နှင့် Royal Tiger Force (ဆားလင်းကြီး) တို့ ပူးပေါင်းကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
ထို့အပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် မုံရွာမြို့မှ ထွက်လာသည့် ကြေးနီ တင်အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၂ စီးထိမှန်ခဲ့ကြောင်း BLDF တပ်ဖွဲ့ အညာမိုင်း တပ်ဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၂၅ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က မုံရွာမြို့ဘက်မှ စစ်ကိုင်းမြို့ဘက်သို့ ထွက်လာ သော ကြေးနီတင် တွဲကား ၄၄ စီး၊ အကြမ်းဖက်စစ်များ လိုက်ပါလာသည့် သံပြားကာ ကား ၈ စီးပါ ယာဉ် တန်းကို မုံရွာ -ချောင်းဦးလမ်းပိုင်းတနေရာ အရောက် ရှေ့ထွက်မိုင်း ၄ လုံး၊ ပဒေသာမိုင်း ၁၃ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ကား ၂ စီးထိမှန်ခဲ့ကြောင်း သိရသည်။
“ပဒေသာမိုင်း ၁၃ လုံး ၊ ရှေ့ထွက်မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ၊ ကား ၂ စီးထိမှန်တယ်၊ သေဆုံး ထိခိုက်မှုကတော့ အတိအကျ မသိရသေးပါဘူး။ ကျနော်တို့တပ်ဖွဲ့နေနဲ့ စစ်အာဏာရှင် အမြစ်ဖြတ် နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလုပ်နေပါတယ်” ဟု BLDF တပ်ဖွဲ့ အညာမိုင်း တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေး ဒီမို ကရက်တစ်တပ်ဦး BLDF တပ်ခွဲ အညာမိုင်း နှင့် Yae Nagar people Defend Force အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media