မုံရွာမြို့နယ်၊ တောပုပျူရွာမှ ညောင်ဖြူပင်ရဲစခန်းကို ရိက္ခာပို့စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်မှု ပျူ ၂ ဦးသေဆုံးပြီး ဆန်အိတ်ပိုင်း ၁၃ ပိုင်းအပါအဝင်ရိက္ခာထုတ်များ သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၆
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူရွာမှ ညောင်ဖြူပင်ရဲစခန်းကို ရိက္ခာပို့စစ်ကြောင်းအား မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ပျူ ၂ ဦးသေဆုံးပြီး ဆန်အိတ်ပိုင်း ၁၃ ပိုင်းအပါအဝင်ရိက္ခာထုတ်များ သိမ်း ဆည်းရရှိခဲ့ ကြောင်း ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – CHU PDF တပ်ဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၂၂ ရက် နံနက် ၈ နာရီခွဲခန့်က မုံရွာမြို့နယ်၊ တောပုရွာမှ ညောင်ဖြူပင်ရဲစခန်းသို့ ရိက္ခာ ပို့ရန် အကြမ်းဖက်စစ်သား၊ ပျူ ၂၅ ဦးခန့်က ရိက္ခာထုတ်များဖြင့် စစ်ကြောင်းထွက်လာခဲ့ကြောင်း ၊ထို သို့ထွက်ခွာလာပြီး တောပုရွာနှင့် မလှမ်းမကမ်းလမ်းခရီးတနေရာ အရောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ၂ လုံး ပဒေသာမိုင်းပွိုင့် ၂ ပွိင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ပျူ ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သား၊ ပျူများမှာ ရိက္ခာထုတ်များ ပစ်ချထားခဲ့ပြီး တောပုပျူရွာအတွင်းသို့ ပြန်ပြေးဝင်သွားသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရိက္ခာထုပ်များကို သွားရောက် သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်သား၊ ပျူများ ပစ်ချကာ ထွက်ပြေးသွားသဖြင့် သိမ်းဆည်းရရှိခဲ့သည့် ပစ္စည်းများ –
ဆန်အိတ် ၁၃ ပိုင်း
ဆီ ၁ ပုံံး
ကြက်သွန် ဖြူ/နီ ၅ ပိဿာခန့်
ငါးခြောက် ၅ ပိဿာခန့်
ကော်ဖီမစ်ထုတ်ကြီး ၇ ထုပ်
အရက်/ဘီယာ
ဆေးလိပ် (၁၀) စီး
ကုလားပဲ
ငါးပိ
ဆေးဝါးမျိုးစုံ
ကွမ်းသီး/ကွမ်းရွက်
အလှကုန်
ပဲလှော်
ဆပ်ပြာ
လက်ဖက်ခြောက်
ဆား
အသင့်စားအစာများ
ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ဆောင်မှုများကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ ၂ ၊ မုံရွာ ခရိုင် တပ်ရင်း၂၃၊ မုံရွာခရိုင် တပ်ရင်း ၂၅ ၊မုံရွာခရိုင် တပ်ရင်း ၂၈ ၊ BLDF ၊ Special Force 11နှင့် Importal Gurella force တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media