မင်းတုန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၂၅ ဦး သေဆုံး၊ စစ်ကြောင်း တစ်ခလုံးချေမှုန်းရန် ကြိုးစားခဲ့သော်လည်း စစ်ကူစစ်ကြောင်းရောက်ရှိလာသဖြင့် ပြန်ဆုတ်ခဲ့ရ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၆
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ကြိမ်ဖြတ်တိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား ၂၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက် နံနက် ၆ နာရီခန့်က မင်းတုန်းမြို့နယ်၊ မြောက်ပြင်ကျေးရွာ ဘုန်းကြီး ကျောင်းမှ ထွက်လာသော အင်အား ၅၆ ဦးပါ အကြမ်းဖက်စစ်ကြောင်းကို နံနက် ၆ နာရီခွဲအချိန် တဇို တုံကျေးရွာနှင့် ဒေါင်း တိုက်ကျေးရွာကြားအရောက် အမှတ်-၁ စစ်ဒေသ မကွေးတိုင်း ၊ သရက် ခရိုင် အမှတ်-၄ တပ်ရင်း တပ်ခွဲ ၂ ရဲဘော်များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က ပြန်ဆုတ်သွားကြောင်း သိရသည်။
ထိုသို့ ပြန်ဆုတ်သွားသည့် အကြမ်းဖက်စစ်သားများကို ငခူအိုးကျေးရွာနှင့် ရွာပုလဲကျေးရွာကြား အ ရောက် နံနက် ၁၀ နာရီ အချိန်တွင် ထပ်မံ၍ အသင့်စောင့်ကြိုနေရာယူထားသော သရက်ခရိုင် အမှတ် – ၄ တပ်ရင်း တပ်ခွဲ ၁ ရဲဘော်များ မှ ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်နိုင်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မူ ၁ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂၅ ဦး ခန့်သေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်သား ၂၅ ဦးခန့် သေဆုံးပြီးနောက် ကျန်ရှိနေသော အကြမ်းဖက်စစ်သားများကို ဝင် ရောက်လုံးထွေးဖမ်းဆီးကာ အပြီးသတ်သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း အင်အား ၈၀ ခန့်ဖြင့် အ ကြမ်းဖက်စစ်သား စစ်ကူများရောက်ရှိလာသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန် လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး ခြေထောက်ကို ၄၀ မမ လက်နက်ကြီးစ ထိမှန် ဒဏ်ရာ မစိုးရိမ်ရရှိခဲ့ကြောင်း သိရသည်။
“ဝမ်းတွင်းဘက်က အင်အားတွေ ထပ်တက်လာတာ၊ ဝမ်းတွင်းမှာ ဂိတ်တစ်ခုရှိတယ်၊ လက်ပံတန်း၊ ညောင်ပင်သာမှာဆိုရင်လည်း သူတို့ရဲ့ ပျူတွေရှိတာပေါ့၊ အဲဒီဘက်ကအင်အားတွေနဲ့ ဝမ်းတွင်းဂိတ် မှာ လုံခြုံရေး ကျနေတဲ့ ကစပအင်အားတွေ ပေါင်းပြီး ထပ်ဖြည့်တာ၊ ဒုတိယအကြိမ်ကတည်း တိုက်ပွဲ က ၁ နာရီခွဲလောက်ကြာတယ်၊ ငခူအိုးနဲ့ ရွာပုလဲဆိုတာကလည်း ပုသိမ် -မုံရွာလမ်းပေါက်တဲ့ ရွာဆို တော့ စစ်ကူရောက်လာတာကလည်း မြန်တယ်၊ အဲဒါကြောင့် ပြန်ဆုတ်ခဲ့ရတာ” ဟု သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ရှင်းပြသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီလ ၂၂ ရက်နေ့က မင်းတုန်းမြို့နယ် ၊ မြောက် ပြင်ကျေးရွာ ဘုန်းကြီးကျောင်းကို ဝင်ရောက် တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၅ ရက် နံနက် ၆ နာရီအချိန်တွင် ပြန်လည် ထွက်ခွာလာဖြစ်ကြောင်း သိရသည်။
“လက်ရှိမှာတော့ စစ်ကြောင်းထိုးတာမရှိတော့ဘူး။ တိုက်ပွဲဖြစ်ပြီး လက်ကျန် စခတွေက ဝမ်းတွင်း ဘက်ကို ဆုတ်သွားတယ်၊ လက်ရှိအချိန်မှာတော့ မင်းတုန်း ၅ မိုင်ဘက်ကို သရက်ဘက်နေပြီးတော့ အင်အား ၅၀ လောက်ထပ်တိုးထားတာရှိတယ်။ အဲဒီ ၅ မိုင်၊ ဝမ်းတွင်း၊ လက်ပံတန်း၊ ညောင်ပင်သာ ပတ်ဝန်းကျင်တွေမှာပဲရှိပါတယ်၊ လက်ရှိစစ်ကြောင်း ပြန်ထိုးတာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမယ့် တစ်ခုခုတော့ ပြင်ဆင်နေတာမျိုးရှိပါတယ်။” ဟု သရက်ခရိုင်တပ်ရင်း ၄ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောဆိုသည်။
Thanlwin Myanmar Media