Sagaing News

0 0
Read Time:3 Minute, 9 Second

မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် ကင်းပုန်းယူပြီး ဆက်ကြေး ကောက်နေသော စစ်သား များကို မိုင်းဆွဲတိုက်ခိုက်မှု ၇ ဦး အပြင်းအထန် ဒဏ်ရာရ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၅

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ -မန္တလေးလမ်းမပေါ်တွင် ကင်းပုန်းယူပြီး ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း ချောင်းဦး PDF – CHU PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီ ၁၂ မိနစ်က မုံရွာမြို့နယ် ၊ တောပုကျေးရွာမှ အကြမ်းဖက် စစ်သား၊ ပျူစောထီး ၂၀ ဦးခန့်သည့် မုံရွာ-မန္တလေး လမ်းမကြီး ပေါ်တွင် လမ်းပိုင်းကင်းယူခြင်း၊ ခရီး သွား မိဘပြည်များကို အနိုင်ကျင့် ဆက်ကြေး​ကောက်ခြင်း ပြုလုပ်နေသောကြောင့် မိုင်းဆွဲ တိုက်ခိုက် ခဲ့ရာ ၇ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“အရင်ကလည်း ဒီနေရာမှာ လမ်းပိုင်းလုံခြုံရေးယူတယ်၊ ခရီးသွားပြည်သူတွေဆီက ဆက်ကြေး ကောက်တယ်၊ လုပ်လေ့လုပ်ထရှိတဲ့နေရာပဲ၊ ၇ ဦးလောက်ဆွဲထုတ်သွားတာတော့တွေ့တယ်၊ သေ မ သေနောက်ဆက်တွဲသိရဖို့ကတော့ စုံစမ်းဆဲပါ။လောလောဆယ်တော့ အဲဒီနေရာမှာ မရှိတော့ဘူး။ သူတို့က ပုံမှန်လမ်းကြောင်းယူနေကြရာပဲ၊ ကျနော်တို့တပ်ဖွဲ့အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ် လုပ်နေပါတယ်၊ နောက်ထပ်လည်းတိုက်ပွဲတွေဖော်ဆောင်ဖို့ရှိပါတယ်၊ ဒီအရင်ကလည်း တိုက်ပွဲ တွေ ဖော်ဆောင်ခဲ့တာရှိပါတယ်၊ မိဘပြည်သူလူထုတွေအနေနဲ့ ဆက်လက်ပြီး ပူးပေါင်းပါဝင်ပံ့ပိုးပေးကြပါ အုံးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ချောင်းဦး PDF – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့က အဆိုပါနေရာ၌ လမ်းကင်းယူခြင်း ၊ ခရီးသွားပြည်များထံမှ ဆက်ကြေးကောက်ခြင်းလုပ်ခဲ့သည့် အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၇ ဦး သေဆုံးခဲ့ဖူးကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၁ ၊ Special Force-11 (LPDF) Monywa ၊ Special ဒိတ်ဒိတ်ကြဲအဖွဲ့နှင့် Monywa Dynamite (STF) တို့ ပူးပေါင်း ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *