PNLA News

0 0
Read Time:5 Minute, 51 Second

ဆီဆိုင်မြို့နယ်တွင် နေ့စဉ်နှင့်အမျှတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ် ၂၀၀ ဦးထက် မနည်းသေဆုံး ၊ စစ်တပ်က အဆိပ်ဗုံးများဖြင့် အသုံးပြုတိုက်ခိုက်နေမှုကြောင့် ဒေသနေပြည်သူ ၄၀၀၀ ကျော် တောတာင်ထဲထွက်ပြေးနေရ

 

သံလွင်မြန်မာသတင်း

ဇန်ဝါရီလ ၂၅

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး အကြမ်းဖက်စစ်သား၊ PNO ပြည်သူ့စစ် ၂၀၀ ဦးကျော် သေဆုံးကာ စစ်တပ်က ဓာတုအဆိပ်ဗုံးများ အသုံးပြုတိုက်ခိုက်နေ မှုကြောင် ဒေသနေပြည်သူ ၄၀၀၀ ကျော် တောတောင်ထဲ ထွက်ပြေးနေရကြောင်း PNLA သတင်းနှင့် ပြန်ကြားရေး ဌာနထံမှ သိရသည်။

 

ဇန်နဝါရီလ ၁၇ ရက်နေ့ကစ၍ ဆီဆိုင်မြို့နယ်အရှေ့ခြမ်းသို့ အင်အား ၇၀၀ ကျော်ဖြင့် စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်တပ်က သာမန်လက်နက်ကြီးကျည်များသာမက အဆိပ်ပါဝင်သည့် လက်နက်ကြီး ကျည်များဖြင့်ပါ ပအိုဝ်းကျေးရွာအတွင်းထဲသို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီ ၂၄ ရက်နေ့က စစ်ကောင်စီက ပစ်ခတ်လာသည့် လက်နက်ကြီးကျည် ၁ လုံးကို ပအိုဝ်းအမျိုးသား လွတ် မြောက်ရေးတပ်မတော်က တူးဖော်ရရှိခဲ့ပြီး ထိုမပေါက်ကွဲသေးသည့် လက် နက်ကြီးကျည်မှာ အဆိပ်ကျည်ဖြစ်သည်ကို တွေ့ရှိရပြီး ၎င်းအဆိပ်ကျည်ကျည်ပေါ်တွင်လည်း အဆိပ် ဟုရေးသားထား သည်ကို တွေ့ရှိရကာ အဆိပ်ထွက်ပေါက်များလည်း ပါဝင်သည်ကို တွေ့ရှိရကြောင်း သိရသည်။

“ကျနော်တို့ တူးဖော်ရရှိခဲ့တာ တစ်လုံးပဲရှိတယ်၊ သူတို့အဆိပ်သုံးလာတာက အလုံးပေါင်းများစွာရှိပါ တယ်။ ဒီတစ်လုံးက မကွဲလို့ ကျနော်တို့ ကျနော်တို့ တူးဖော်ရရှိခဲ့တာပါ၊ ကျနော်တို့ ရဲဘော်တွေ ဒီအဆိပ်ငွေ့တွေရှုမိလို့ အပြင်းအထန် ဖျားနာတာတွေ၊ အရေပြား ယားယံတာတွေစသည်ဖြင့် ခံစား ရတဲ့ ရဲဘော်တွေလည်း ရှိပါတယ်၊စစ်ကောင်စီက ဒီလိုမျိုး အဆိပ်ဗုံး၊ အဆိပ်ကျည်တွေကို ပြောင် ပြောင်တင်းတင်းအသုံးပြုလာတာ ဖြစ်ပါတယ်၊ ဒါက လူသားအပေါ် ကျူးလွန်တဲ့ လူသားရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေဖြစ်ပါတယ်၊ ဒါတွေက စစ်ကောင်စီနဲ့ စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်က ပအိုဝ်းလူမျိုးတွေကို အဆိပ်နဲ့ သတ်ဖို့ကြိုးစားနေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတစ်ခုလည်းဖြစ်ပါတယ်၊ ဒီလိုမျိုးအဆိပ်ကျည်ပေါင်းများစွာ ပအိုဝ်းကျေးရွာတွေထဲကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်၊ ပြည်သူလူထုတွေနေထိုင်တဲ့ ဒေသ၊ ပြည်သူထုတွေနေထိုင်တဲ့ ကျေးရွာကို မီးလောင်ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်တာ ၊ အဆိပ်နဲ့ပစ်ခတ်တိုက်ခိုက်တာတွေကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်ပါးစေ ပြည် သူ့စစ်တွေက ပြောင်ပြောင်းတင်းတင်း လူသားအပေါ် ရာဇဝတ်မှု များစွာကျူးလွန်နေတာကို နိုင်ငံ တကာအဖွဲ့အစည်းတွေ ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းတွေက ဒီအတိုင်း မျက်စိပိတ်၊ နားပိတ် နေ တာကို တွေ့ရတာကလည်း အင်မတန်မှ အံဩနေရပါတယ်” ဟု PNLA သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ပြောကြားသည်။

 

ယင်းကျည်အမျိုးအစားများအား ယခင်က အသုံးပြုသည်ကို မတွေ့ရှိဖူးပဲ ယခုတွေ့ရှိမှုသည် ပထမ ဆုံး အကြိမ်ဖြစ်ပြီး စစ်ကောင်စီသည် ကျင့်ဝတ်မဲ့စွာ စစ်ရာဇာဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း၊ ယခင်ရက်များက ပစ်ခတ်သည့် အဆိပ်ကျည်သင့်မှုကြောင့် ရဲဘော် တချို့မှာ အရေပြားယားယံခြင်း ၊ အပြင်းအထန်ဖျားနာခြင်း၊ မူးဝေအော့အန်ခြင်း စသည်များ ခံစားခဲ့ ရကြောင်း သိရသည်။

 

ထိုအပြင် အကြမ်းဖက်စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က အင်အား ၇၀၀ ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီအင်အား ၇၀၀ ကျော် အနက် ၂၀၀ ဦး ထက်မနည်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ခုခံချေမှုန်း တိုက် ခိုက်နိုင်ခဲ့ကြောင်း၊ သို့သော်လည်း အကြမ်းဖက် စစ်ကောင်စီသည် ပအိုဝ်းပြည်သူများအား ပေါ်တာ ဆွဲ အင်အားဖြည့်တင်းကာ လူသားဒိုင်းကာအဖြစ် အသုံးပြု၍ ဆက်လက်တိုက်ခိုက်နေဆဲဖြစ် ကြောင်း အသိပေးထားသည်။

 

ဇန်နဝါရီ ၂၂ ရက်နေ့တွင် ၄ ကြိမ် ၊ ၂၃ ရက်တွင် ၂ ကြိမ် ၊ ၂၄ ရက်တွင် ၂ ကြိမ် စစ်ကောင်စီက ဆီ ဆိုင် မြိုနယ်အရှေ့ခြမ်းရှိ ပအိုဝ်းကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးများ၊ ဒရုန်းများ ၊ မီးလောင်ဗုံးများဖြင့်လည်း တိုက်ခိုက်ခဲ့သဖြင့် ထီစုံကျေးရွာမှ နေအိမ် ၆၀ ကျော် မီး လောင်ပျက်စီးခဲ့မှုအပါအဝင် ပအိုဝ်းပြည်သူလူထု၏ အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုးပျက်စီးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက် စစ်ကောင်စီနှင့်PNOပြည်သူ့စစ်တို့၏ တိုက်ခိုက်မှုကြောင့် ပအိုဝ်းကျေးရွာများမှ ပြည်သူ လူထု ၄ ထောင်ကျော်မှာ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း PNLA သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *