Magway News

0 0
Read Time:3 Minute, 13 Second

ချောက်မြို့နယ်၊ ပွင့်လင်းရွာမှ ပြည်သူ့နေအိမ် ၁ လုံးကို မီးရှို့ပြီးထွက်လာ စစ်ကား ၂ စီးကို တိုက်ခိုက် မှု ဗိုလ်မှူး ၂ ဦးအပါအဝင် ၁၅ ဦးထက်မနည်းသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၅

 

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ပွင့်လင်းရွာမှ ပြည်သူ့နေအိမ် ၁ လုံးကို မီးရှို့ပြီး ထွက်လာသော အ ကြမ်းဖက်စစ်ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး ၂ ဦးအပါအဝင် ၁၅ ဦးထက်မနည်း သေ ဆုံးခဲ့ကြောင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။

 

ဇန်နဝါရီလ ၂၃ ရက် နံနက် ၇ နာရီခန့်က ချောက်မြို့နယ် ၊ ပွင့်လင်းကျေးရွာမှ ပြည်သူ့နေအိမ် ၁ လုံး ကိုမီးရှို့ပြီးထွက်လာသော အင်အား ၆၀ ခန့်ပါ အကြမ်းဖက်စစ်တပ်‌ဖောကား ၂ စီးအနက် နောက်မှ လိုက်ပါလာသော ကားကို ၄၀ မမ၊ လက်ပစ်ဗုံး၊ ပန်တိမ်၊ လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက် ခဲ့ရာ ကားပေါ်ပါ အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၁၅ ဦးထက်မနည်းသေဆုံးပြီး အများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရွာထိပ်နည်းနည်းကျော်ကျော်လေးမှာ ဖြတ်တိုက်ခဲ့တာ၊ ဖောကားအနီး ၂ စီးနဲ့ထွက်လာတာ၊ နောက် အစီးကိုပဲ ပစ်နိုင်တယ်၊ ပန်တိမ် ၁၀ လုံးနဲ့ခဲ့တာ၊ အနီးကပ်ပစ်ခဲ့တာ၊ နောက်က ကားခေါင်းထဲကလူ တွေအကုန်သေတယ်၊ ကားခေါင်းထဲကို အရင်ဆုံးပစ်ပြီးမှ ကားနောက်ထဲကို ပစ်တာ၊ ပန်းတိမ် ၁ လုံး ကျတယ်၊ နာနတ်သီး ၂ လုံးကျတယ်၊ နောက်ကားထဲမှာရှိတဲ့သူတွေက တစ်ချက်မှ ပြန်မပစ်နိုင်ဘူး။ ရှေ့ကားကနေ စက်လက် ၃ လက်နဲ့ကုတ်နေတာရယ်၊ ကျနော်တို့ဘက်ကလည်း ကျည်အင်အားမမျှ တာရယ်ကြောင့် ပြန်ဆုတ်ခဲ့ရတာ” ဟု အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ပေတ၏ ညီဖြစ်သူက ပြောကြားသည်။

 

တိုက်ခိုက်ခံရမှုကြောင့် သေဆုံး၊ ဒဏ်ရာရအကြမ်းဖက်စစ်သားများကို နာရေးကား ၆ စီးလာရောက် ကာ ချောက်မြို့သို့ သယ်ဆောင်သွားကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် စလေမြို့ နယ်၊ ချောင်းမကြီးသို့ ရောက်ရှိနေပြီး ထပ်မံ၍ အင်အားဖြည့်ကာ တော်လှန်ရေးတပ်ဖွဲ့များရှိရာ နယ် မြေသို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ ချောက်မြို့နယ်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ချောက် ပကဖ) ၊ မကွေးခရိုင် အမှတ် ၂ တပ်ရင်း ၊ မကွေးခရိုင် အမှတ် ၁ တပ်ရင်း ၊ Chauk Guerrila Force (CGF) ၊ ရေနံချောင်း ဖေကံကောင်း (LPDF) အဖွဲ့ ၊ မကွေးခရိုင် တပ်ခွဲ ၂ နှင့် Burma Revolution Rangers အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *