ကဗျာကဏ္ဍ “ဘဝအာမခံ”
ပျိုးကြဲလက်
ရပ်ရှစ်ခွင် မြူမှုန်သမ်းတော့
လွမ်းလွန်းလို့ ကြိတ်ကြိတ်ငို ။
လင်တော်မောင် စစ်မှုထမ်းက
ရှေ့တန်းမှာကို ။
ခိုးဆိုးလုယက် လာဘပို
လက်ဖျားဆို ငွေသီး ။
တချုံကွယ် တမယ်မေ့လို့
အသစ်တွေ့ရင် မယ့်လောဘက
ဒေါသဖိစီး ။
လင်ကြီးရှင် ရှုမငြီးရဲ့
သွေးကြီးတဲ့ မျက်နှာချို ။
ရှေ့တန်းမှာ လင်လူလှ
ကျဆုံးမှ ငို ။
ပြည့်ကျိန်စာက အသက်တို
ရဲမက်အလို မလိုက်ဘူး ။
အာဏာကို အချောင်မက်တဲ့
ပြည်ဖျက်တို့ရူး ။
သွားလေသူ စစ်မှုထမ်း
ယောင်ယမ်းလို့ အားမနာ ။
လင်သေရင် ကျန်သူဘဝ
တန်းနှင်ချတာ ။
စစ်တန်းလျား ဘဝဟာ
သောင်ပြင်မှာ လွှတ်တဲ့ခွေး ။
ပြည့်ရန်သူ ဘဝပေးကို
ရှေးကကြိုတွေး ။
ပြည့်စစ်သည် ကတော်ဘဝ
ပျော်ကြမယ့် ညီအစ်မတွေ ။
အာဏာ့ရှင် ကြောင်တောင်ကန်းနဲ့
လမ်းခွဲစို့လေ ။
တို့ရဲဘဝ ဖျက်ဆီးနေ
စနစ်အထွေထွေ ပျက်စေသား ။
တော်လှန်သူ ပြည်သူ့ဘက်ကိုလ
တို့လက်နဲ့ အောင်လံထူလို့
ဝင်ကူစို့လား ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် ည ၁၀ နာရီ ၃၃ မိနစ်
Thanlwin Myanmar Media