Mon State News

0 0
Read Time:2 Minute, 59 Second

ရေးမြို့နယ်၊ ခေါဇာမြို့အခြေစိုက် ခလရ ၃၁ တပ်ရင်းနှင့် မီးတိုင် ၁ တံတားစခန်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၄

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့အခြေစိုက် ခလရ ၃၁ တပ်ရင်းနှင့် မီးတိုင် ၁ တံတားစခန်းကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် – MSRF ထံမှ သိရ သည်။

 

ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်က ရေးမြို့နယ် ၊ ခေါဇာမြို့ရှိတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခလရ – ၃၁ တပ်ရင်းနှင့် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲ ထား သော မီးတိုင် ၁ တံတားစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၇ ဦး သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

 

“အဓိက တိုက်တဲ့နေရာက မီးတိုင် ၁ တံတားစခန်းပါ၊ ပြီးတော့ တစ်ချိန်တည်းမှာပဲ တပ်ရင်း တိုက် တာ၊ တပ်ရင်း သိမ်းဖို့အစီအစဉ်နဲ့ သွားတာမဟုတ်ပါဘူး။ မီးတိုင် ၁ စခန်းက တံတားကို ဖြတ်ကျော် နေတဲ့ ပြည်သူတွေကို မတရား နှိပ်စက်မှုတွေ ၊ ပိုက်ဆံတောင်းမှုတွေရှိတယ်၊ ပြည်သူတွေကို ဒုက္ခ အမျိုးမျိုးပေးနေတယ်၊ အဲဒါကြောင့် အဲဒါကြောင့် သွားပြီးတော့ ရှင်းတာဖြစ်တယ်၊ကျနော်တို့က တိုက်ပြီးတော့ ပြန်ခွာတယ်၊ ပြီးလို့ရှိရင်တပ်ရင်းကို သွားတိုက်တယ်၊ စစ်ကူလာလို့ ပြန်ဆုတ်တာ မဟုတ်ပါဘူး။ ရန်သူတပ်ရင်းနဲ့လည်း အရမ်းနီးလို့ ရန်သူတပ်ရင်းကို ဖြတ်တောက်တဲ့ပုံစံနဲ့ တိုက်ခဲ့ တာပါ” ဟု မွန်ပြည်တော်လှန်ရေးတပ် – MSRF မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက် ဖျက်ရေး (NMSP-AD) နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ ဘေးကင်းစွာ ပြန်လည် ခွာစစ်ဆင်နိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ခလရ ၃၁ နှင့် ပင်လယ်အတွင်းရပ်နားထားသည့် သင်္ဘောပေါ် တို့ မှ ညနေပိုင်းအထိ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ခေါဇာမြို့အနီးပတ်ဝန်းကျင်ရှိ ပြည်သူအချို့ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *