Sagaing News

0 0
Read Time:3 Minute, 13 Second

ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းနှင့် ကင်းပုန်းစစ်သားများကို မိုင်းဆွဲ၊ ပစ်ခတ်တိုက် ခိုက်မှု ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၃

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းနှင့် ကင်းပုန်းစစ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa ထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက် မွန်းတည့် ၁၂ နာရီ ၂၈ မိနစ်က စစ်ကိုင်း တပ်မ ၃၃ မှ ထွက်လာသော ၆၉ စီးပါ အကြမ်းဖက်စစ်ယာဥ်တန်းအနက် မှန်လုံကား ၃ စီးဖြင့် ကြားညှပ်လိုက်ပါလာသော အကြမ်း ဖက်စစ်သားများကိုချောင်းဦးမြိုနယ်၊ နတ်ရေကန်နှင့်ရေပိုးစားကြား အရောက် ၃ စီး မြောက် မှန်လုံ ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားမှာ လမ်းဘေးထိုးကျသွားကြောင်း သိရသည်။

ထို့သို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ယာဉ်ပေါ်ပါ အကြမ်းဖက်စစ်သားများ၊ ကင်းပုန်းစစ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အကြား အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ပြီး လက်နက်၊ ကျည် အင်အား မမျှသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

 

ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း  မုံရွာတိုးဂိတ်အနီး တစ်ကြိမ်နှင့် နတ်ရေကန်နှင့် ရေပိုးစာကြား တစ် ကြိမ် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားများနှင့် သံပြားကာ ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁ ဦး အပြင်းအထန်စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ကားက လမ်းဘေးထိုးကျသွားတယ်၊ ကားသမားကိုထိသွားတာဖြစ်နိုင်တယ်၊ ကားသမားကို ဆွဲချပြီး တခြားသူက ဝင်မောင်းသွားတာ၊ နောက်ဆက်တွဲတော့ စုံစမ်းလို့မရသေးဘူး။ ၂၁ ရက်နေ့က ကင်း ပုန်းဝပ်တဲ့ ခစတွေကို မိုင်းဆွဲတာ ၁ ကြိမ်၊ သံပြားကာ ကားကို မိုင်းဆွဲတာ ၂ ကြိမ် လုပ်ဆောင်ခဲ့ တာ ပါ” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa နှင့် မုံရွာခရိုင်တပ်ရင်း ၁၂ ၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

မုံရွာ-မန္တလေးလမ်းပိုင်းအားအသုံးပြုနေကြသော မိဘပြည်သူများအနေဖြင့် စစ်ကောင်စီကား တန်း များနှင့်တွေ့ပါက ခပ်ဝေးဝေးမှရှောင်ရှားကြရန်နှင့် တိုက်ပွဲဖြစ်ပွားနေများသည်နှင့် ကြုံတွေ့ပါက ရောက် သည့် နေရာ၌ ရပ်တန့်ပေးပါရန် မေတ္တာရပ်ခံမေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *