Sagaing News

0 0
Read Time:1 Minute, 52 Second

စစ်ကိုင်းမြို့မှ ထွက်ခွာလာသော အက်ဆစ်တင်ကားများပါ အကြမ်းဖက်စစ်ယာဉ်တန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇန်ဝါရီလ ၂၃

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပိုင်းတနေရာတွင် စစ်ကိုင်းမြို့မှ ထွက်ခွာလာသော အက်ဆစ်တင်ကားများပါ အကြမ်းဖက်စစ်ယာဉ်တန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးဒဏ်ရာရ ရှိခဲ့ကြောင်း Brave Heart Army-BHA တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက် နေ့က စစ်ကိုင်းမြို့မှ မုံရွာမြို့ဘက်သို့ ထွက်ခွာလာသော Acid tanker trucks ကားများ ၊ အကြမ်းဖက်စစ်တပ် Jammer ကား ၈ စီး နှင့် စစ်တပ်အရာရှိများ လိုက်ပါလာ သည်ဟု ယူဆရဥသော မှန်လုံ Express ကား ၃ စီးတို့ကို မုံရွာမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်း တနေရာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း Acid tanker trucks ကားများ၊ မှန်လုံ Express ကားများထိခိုက် ပျက်စီးခဲ့ပြီး စစ်သား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ယာဉ်တန်း ကို လုံခြုံရေး ယူပေးရန် လိုက်ပါလာသော Jammer ကားပေါ်မှ စစ်သားများ ပြန်လည် ပစ်ခတ်မှုရှိခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Heart Army-BHA ရဲဘော်များမှဦးဆောင်ပြီး Chindwin Fighter Group-CFG ရဲဘော်များနှင့်အတူ လက်တွဲညီညီ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *