Sagaing News

0 0
Read Time:2 Minute, 31 Second

မြင်းမူမြို့နှင့် ထီးဆောင်းကျေရွာကြားတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး ကားတစ်စီးတိမ်းမှောက်ပျက်စီး

 

သံလွင်မြန်မာသတင်း

ဇန်ဝါရီလ ၂၃

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် မြင်းမူမြို့နှင့် ထီးဆောင်ကျေးရွာကြားတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီးကားတစ်စီး တိမ်း မှောက် ပျက်စီးခဲ့ကြောင်း Dog Killers People’s Defence Force Myinmu – DK PDF တပ်ဖွဲ့ ထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က မုံရွာမြို့ဘက်မှ စစ်ကိုင်းမြို့ဘက်သို့ ထွက် လာသော အက်ဆစ် တင်ကားများနှင့် အကြမ်းဖက်စစ်သားများ လုံခြုံရေးလိုက်ပါလာသည့် ယာဉ် တန်းကို မြင်းမူမြို့နှင့် ထီးဆောင်းရွာအကြား အရောက် ပထမ အကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဒုတိယ အကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ယာဉ်တန်းအနက် အက်ဆစ် တင်ကား မိုင်းထိခဲ့ပြီး ကားတိမ်းမှောက်သွားကာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း၊ တိမ်းမှောက်သွားသည့်ကားမှာ ယနေ့အထိ ပြန်ဆွဲထူခြင်းမရှိသေးပဲ မိုင်းဆွဲသည့်နေရာမှာ တိမ်းမှောက်လျက်ရှိနေကြောင်း သိရသည်။

 

“ယာဉ်တန်းက ကားအစီးရေများတယ်၊ အားလုံးဘယ်နှစ်စီးရှိလဲ မသိဘူး။ မှောက်သွားတဲ့ ကားက တော့ ဒီနေ့အထိ မသယ်သေးဘူး။ပြည်သူတွေအနေနဲ့ စစ်ရေးအရှိန် မြင့်လာပြီဖြစ်လို့ ဂရုစိုက်နေကြ ဖို့၊ စခတွေနဲ့ အဝေးဆုံးနေရာမှာ နေကြဖို့၊ အရေးမကြီးရင် ခရီးထွက်တာတွေမလုပ်ဖို့ တိုက်တွန်းချင် ပါတယ်” ဟု Dog Killers People’s Defence Force Myinmu – DK PDF တပ်ဖွဲ့မှ တာဝန်ခံ မောင် ကာက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu(DK-PDF MMU) မှ ရဲ ဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *