မုံရွာမြို့နယ်၊ တောပုပျူရွာမှ ညောင်ဖြူပင်ရဲစခန်းသို့ ရိက္ခာပို့ရန် ထွက်လာသည့် စစ်ကြောင်းအား မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး ၊ ရိက္ခာထုပ်များချထားခဲ့ပြီး ပြန်ဆုတ်ပြေး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၃
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူရွာမှ ညောင်ဖြူပင်ရဲစခန်းသို့ ရိက္ခာပို့ရန် ထွက်လာသည့် အ ကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – CHU PDF တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက် နံနက် ၈ နာရီခွဲက မုံရွာမြို့နယ် ၊ တောပုပျူရွာမှ ညောင်ဖြူပင်ရဲစခန်း သို့ ရိက္ခာပို့ရန် ထွက်လာသည့် အင်အား ၂၅ ဦးခန့်နှင့် ညောင်ဖြူပင်ရဲစခန်းမှ အင်အား ၂၅ ဦးခန့်ထွက် လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်း ၂ ခုအနက် တောပုပျူရွာမှ ထွက်လာသည့် စစ်ကြောင်း ကို ပဒေသာမိုင်းပွိုင့် ၂ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရ သည်။
ထို့အပြင် စစ်သား၊ ပျူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာရရှိသူ ၅ ဦးအနက် ၂ ဦးမှာ ခြေ ထောက်ပြတ်သွားကြောင်း၊ ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် တောပုရွာမှ စစ်ကြောင်းသည် တောပုရွာသို့ ပြန်ဝင်သွားပြီး ညောင်ဖြူပင်ရွာမှ ထွက်လာသော စစ်ကြောင်းသည်လည်း ညောင်ဖြူ ပင်ကျေးရွာသို့ ပြန်ဝင်သွားကြောင်း သိရသည်။
“ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပဲ၊ ညောင်ဖြူပင်ရဲစခန်းကို ရိက္ခာပို့ချင်တာ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာထဲမှာတုန်းကလည်း ကျနော်တို့ မိုင်းဆွဲထားဖူးတယ်၊ အဲဒီတုန်းက ထိတာတော့ ညောင်ဖြူ ပင်လည်း ၂၅ ဦးလောက်က ထွက်ကြိုတာ၊ တောပုဘက်ကထွက်လာတဲ့ စစ်ကြောင်းကို မိုင်းဆွဲခဲ့တာ ပါ၊ မိုင်းဆွဲပြီးတော့ တောပုဘက်က တောပုရွာကို ပြန်ပေးတယ်၊ ညောင်ဖြူပင်ဘက်ကထွက်လာတဲ့ စစ်ကြောင်းကလည်းညောင်ဖြူပင်ဘက်ကို ပြန်ပေးတာ၊ ရိက္ခာထုပ်တွေက သွားကောက်ဖို့ အဆင်မ ပြေဘူး။ တောပုရွာနဲ့နီးနေတော့လို့၊ အထုပ်တွေက ခဲယမ်းနဲ့ရိက္ခာတွေဖြစ်ဖို့များတယ်၊ အခုထိ အခင်း ဖြစ်တဲ့နေရာမှာ ရိက္ခာထုပ်တွေရှိနေသေးတယ်” ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြိုနယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ ၂ နှင့်အတူ မုံရွာ ခရိုင် တပ်ရင်း၂၃ ၊ မုံရွာခရိုင် တပ်ရင်း ၂၅ ၊ မုံရွာခရိုင် တပ်ရင်း ၂၈ ၊ BLDF ၊ Special Force 11 နှင့် Importal Gurella Force တိုပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media