ပူးတွဲစစ်ဆင်ရေးများပိုမိုအားကောင်းလာပြီး ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးအရှိန်မြှင့်မည်ဟု NUG ပြော (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၁
အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် တိုင်းရင်းသားမဟာမိတ်များအပါအဝင် တော်လှန်ရေး အင်အားစုများနှင့် လက်တွဲ၍ ပူးတွဲစစ်ဆင်ရေးများ ပိုမိုအားကောင်းလာပြီး ၂၀၂၅ ခုနှစ်တွင် တော် လှန်ရေးအရှိန်မြှင့်ရန် ဆောင်ရွက်သွားမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားသည်။
ယနေ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် ၂/၂၀၂၅တွင် ၎င်းက ထည့်သွင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“စစ်ရေးပူးတွဲဆောင်ရွက်မှု ပိုမိုအားကောင်းလာမှာဖြစ်ပြီး ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေးသဘောတူညီမှု တွေကို ၂၀၂၅ နှစ်သစ်မှာ မြင်တွေ့နိုင်ကြမှာဖြစ်ပါတယ်” ဟု သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော် ဇော်က ပြောကြားသည်။
နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို တားဆီးနိုင်ရန်စစ်ကောင်စီအား ငွေ ကြေးစီးဆင်းမှုရပ်တန့်ရန်နှင့် ပိုမိုထိရောက်သော အရေးယူမှုများ ပြုလုပ်ရန် လိုအပ်ပြီး မြန်မာပြည် သူလူထု၏ စည်းလုံးညီညွတ်မှု၊ ရဲရင့်မှုများကြောင့် ပြည်သူ့တော်လှန်ရေးသည် အလွဲမသွေ အောင်ပွဲ ခံမည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသည့် လွတ်လပ်ငြိမ်းချမ်းမှုနှင့်သာယာဝပြောမည့် မြန်မာ နိုင်ငံကို ရရှိမည်ဖြစ်ကြောင်း အသိပေးထားသည်။
“မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံရဲ့ စီးပွားရေးတခုလုံးကို ဖျက်ဆီး နေတာ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ စီးပွားရေးကမောက်ကမ လုပ်ရပ်တွေ၊ ကျပ်ငွေ ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ကျပ်ငွေတွေ ရိုက်ထုတ် ခဲ့တာ တွေကြောင့် မြန်မာ့သမိုင်းမှာ စံချိန်တင် ငွေကြေးဖောင်း ပွမှု အမြင့်မားဆုံးရောက်ရှိနေပြီး ကုန်စျေးနှုန်းတွေ မတန်တဆမြင့်မားကာ စီးပွားရေးချွတ်ခြုံကျလို့ ပြည်သူလူထုဟာ အကျပ်အတည်းတွေနဲ့ အဆမတန် ကြုံတွေ့နေရပါတယ်” ဟု အမျိုး သားညီ ညွတ်ရေးအစိုးရ သမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုထားသည်။
Thanlwin Myanmar Media