NUG News

0 0
Read Time:7 Minute, 48 Second

စိုးမိုးထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေးယန္တရားကောင်းမွန်စွာလည်ပတ်နိုင်သည့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရနယ်မြေများ ပေါ်ပေါက်လာစေရန် လုပ်ဆောင်နေပြီး မြန်မာနိုင်ငံရှိ ကြီးထွားလာနေသော ဆိုက်ဘာရာဇ၀တ်မှု အကျပ်အတည်းနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့် ရှိဟု NUG ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၁

 

အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်နိုင်ခဲ့သည့် စိုးမိုးထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေး ယန္တ ရား ကောင်းမွန်စွာလည်ပတ်နိုင်သည့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရနယ်မြေများ ပေါ်ပေါက်လာစေရန် လုပ် ဆောင်နေပြီး မြန်မာနိုင်ငံရှိ ကြီးထွားလာနေသော ဆိုက်ဘာရာဇ၀တ်မှု အကျပ်အတည်းနှင့်ပတ် သက်၍ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း NUG ထုတ်ပြန်သည်။

 

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်ပဋိပက္ခများ အပေါ် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၏ အမြတ်ထုတ်မှုများကြောင့် လူကုန်ကူးမှု၊ အလွဲသုံးစား လုပ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူသတ်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ဆိုက်ဘာ လိမ်လည်မှုများမှာ သိသိသာသာ များပြားလာကြောင်း သိရသည်။

 

စစ်အစိုးရအဆက်ဆက်၏ တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှုခြင်း၊ ပွင့်လင်း မြင်သာမှုမရှိခြင်း၊ တာ ဝန်ခံမှု ကင်းမဲ့ခြင်းနှင့် အကျင့်ပျက် ခြစားခြင်းများကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ရောင်းဝယ် ဖောက်ကားခြင်း အပါအဝင် တရားမဝင် ကျုးလွန်လုပ်ဆောင်မှုများသည် မြန်မာနိုင်ငံတွင် ဆယ်စုနှစ် များစွာ အမြစ်တွယ်လာခဲ့သည်ဟု ဆိုသည်။

Photo – ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ “ဝ”ပြည်နယ်တွင် ပုန်းအောင်းနေသော ကျားဖြန်အွန်လိုင်း ငွေလိမ်ဂိုဏ်းသံသယတရားခံများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမှု

 

မြန်မာအကြမ်းဖက်စစ်တပ် နှင့် စစ်ကောင်စီသည် ၎င်းတို့၏ နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များ နှင့် အခြားမဟာမိတ်အဖွဲ့များနှင့် အတူ အထက်ပါ လိမ်လည်လှည့်စားမှု တရားမဝင် ရာဇဝတ်လုပ် ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခြင်းမရှိဟုဆိုလျှင်ပင် လုံခြုံရေးပေးခြင်းနှင့် အထောက် အကူ ပြုပေးခြင်းများ တို့ဖြင့် တိုက်ရိုက်ပါဝင်နေသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုရှင်းလင်း စွာ မြင်တွေ့နိုင်ပြီ ဖြစ်ကြောင်း NUG အစိုးရက အသိပေးထားသည်။

 

မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများဖြစ်ကြသော NUG (အမျိုးသားညီညွတ်ရေး အစိုး ရ)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ၊ KNU (ကရင်အမျိုးသားအစည်းအရုံး) ၊ CNF (ချင်းအမျိုး သားတပ်ဦး)၊ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး)၊ NMSP –AD (မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး)၊ WLB (အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ) နှင့် မြန်မာနိုင်ငံရှိ အခြား အဖွဲ့အစည်းများသည် လူသားအပေါ်အမြတ်ထုတ်မှုအလုံးစုံအား အခိုင် အမာ ဆန့်ကျင် ပြီး ၂၀၂၁ ခုနှစ်တွင် မတရားအာဏာသိမ်းရန် ကြိုးပမ်းခဲ့သော စစ်ကောင်စီကို စဉ်ဆက်မပြတ် ခုခံတော်လှန်သွားရန် ကတိကဝတ် ထားရှိကြောင်း ဆက်လက်ပြောဆိုထားသည်။

 

အဖွဲ့အစည်းအားလုံး၏ ရည်မှန်းချက်မှာ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အုပ်ချုပ်ရေးကို ပြန်လည်တည်ဆောက်ရန် ဖြစ်ပြီး မြန်မာစစ်တပ် ဆုတ်ခွာသွားသည့် နယ်မြေများ တွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် တရားဥပဒေစိုးမိုးရေးကဲ့သို့ မရှိမဖြစ်လိုအပ်သော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ပံ့ပိုးပေးနိုင်ရန် အုပ်ချုပ်ရေးယန္တရားများကို အကောင်အထည် ဖော်နိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေများ ပေါ်ပေါက်လာရန် လုပ်ဆောင်နေကြောင်း NUG အစိုးရက ပြောကြားသည်။

 

အထက်ပါအဖွဲ့အစည်းအားလုံးအနေဖြင့် မြန်မာနိုင်ငံ၏ ဒေသတွင်း ပဋိပက္ခများပိုမို ဆိုးရွားနိုင်စေ သည်သာမက ဒေသတွင်းနှင့် ကမ္ဘာတဝန်းရှိ ပြည်သူများကိုပါ ထိခိုက်စေသည့် ဆိုက်ဘာနှင့် အခြား ရာဇဝတ်မှုများ၏ ဗဟိုချက်မ မဖြစ်လာ စေရေးအတွက် ကာကွယ်တားဆီးရန် ခိုင်ခိုင်မာမာ သန္နိဋ္ဌာန် ချထားသည်ဟု ဆိုသည်။

 

ဤဖြစ်ပေါ်နေသောအခြေအနေ၏ တိုက်ရိုက်အကျိုးဆက်ကြောင့် ပြည်တွင်း၊ ပြည်ပတွင် ဒုက္ခ ရောက်သူ များစွာရှိနေပြီး နိုင်ငံ၏ လုံခြုံရေးကိုလည်း ဆိုးရွားစွာခြိမ်းခြောက်နေကာ ဒေသတွင်း တည်ငြိမ်ရေးကိုပါ ထိခိုက်လျက်ရှိကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် ၎င်း၏အာဏာတည်မြဲရေး အတွက်သာ အာရုံစူးစိုက် လုပ်ကိုင် လျက်ရှိရာ ဤအရေးကြီးသော ပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် မစွမ်း ဆောင်နိုင်ခြင်း သို့မဟုတ် ဖြေရှင်းလိုသည့်ဆန္ဒမရှိခြင်းတို့ကို တွေ့ရှိရကြောင်း NUG အစိုးရက ထုတ်ပြန်ပြောဆိုထားသည်။

 

မြန်မာနိုင်ငံ၏အနာဂတ် နှင့်အတူ အထူးသဖြင့် ဒေသတွင်းရှိ လူငယ်များ နှင့် နိုင်ငံတကာရှိ အပြစ်မဲ့ ပြည်သူများအတွက် များစွာစိုးရိမ်မှုများ မြင့်တက်လျက်ရှိပြီး အဆိုပါနိုင်ငံဖြတ်ကျော်မှုခင်းများကို ထိရောက်စွာ တိုက်ဖျက်ရန်အတွက် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့အား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် မျှဝေခြင်း ဆိုင်ရာ ထိရောက်သော လမ်းကြောင်းများကို တည်ထောင်သွားရန် အရေးတကြီး တောင်းဆို ပါကြောင်း ဆက်လက်ပြောဆိုထားသည်။

 

မြန်မာနိုင်ငံအတွင်းရှိ ကျယ်ပြန့်သော နယ်မြေအသီးသီးကို ထိန်းချုပ်ထားသည့် တော်လှန်ရေး ဖက် ဒရယ် ဒီမိုကရေစီ မိတ်ဖက်အင်အားစုများအနေနှင့် နှစ်နိုင်ငံချင်း ထိတွေ့ဆက်ဆံမှုများမှ လည်း ကောင်း၊ အာဆီယံ ဒေသတွင်း နှင့် ကုလသမဂ္ဂ၏ အေဂျင်စီများမှ လည်းကောင်း နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့် ရှိကြောင်း၊ ထိုသို့ အတူတကွလုပ်ဆောင်ခြင်းဖြင့် ဆိုက်ဘာရာဇ၀တ် မှု နှင့် လူသားအပေါ် အမြတ်ထုတ်ခြင်း ဆိုင်ရာ ရာဇဝတ်မှုများကို အမြစ်ပြတ်တိုက်ဖျက်နိုင်ပြီး တရားမျှတမှုနှင့် တည်ငြိမ်အေးချမ်းသော အုပ်ချုပ်ရေး ပြန်လည် ထူထောင် နိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *