AA News

0 0
Read Time:4 Minute, 22 Second

စစ်တွေမြို့အနီတဝိုက်ကို စစ်တပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ပြည်သူ့နေအိမ်အချို့မီးလောင်ပျက်စီး၊

 

  • ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း နယ်စပ်တို့တွင် တိုက်ပွဲများဖြစ် ပွားနေပြီး စစ်သားအလောင်း အများအပြား၊ လက်နက်ခဲယမ်းများ၊ စစ်သုံ့ပန်းများ သိမ်း ဆည်းရရှိဟု AA ထုတ်ပြန်

 

သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၁

 

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့အနီးတဝိုက်ကို အကြမ်းဖက်စစ်တပ်က ကြည်း၊ ရေ၊ လေ ကြောင်းဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ပြည်သူလူထုနေအိမ်များ မီးလောင်ပျက်စီးမှုရှိကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။

 

အာရက္ခဒေသအတွင်း၌ အာရက္ခတပ်တော်မှ သိမ်းပိုက်ရန် ကျန်ရှိနေသည့် အဓိက မြို့ကြီးသုံးမြို့ ဖြစ် ကြသော စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များထဲမှ စစ်တွေမြို့နှင့်အနီးတစ်ဝိုက်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာများဖြင့် တောက် လျှောက် ပစ်ခတ်တိုက်ခိုက်နေသကဲ့သို လေကြောင်း၊ ရေကြောင်းများမှလည်းရမ်းသန်း ပစ်ခတ်တိုက် ခိုက်မှုများမှာ နေ့စဉ်နှင့်အမျှရှိနေကြောင်း၊ အထူးသဖြင့် ဒရုန်းတိုက်ခိုက်မှု အပါအဝင် လေကြောင်း တိုက်ခိုက်မှုများမှာ ပိုမိုများပြားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၁၂ မိနစ်အချိန်တွင် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ သည် စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းရွာမှ ၎င်း၏ တစ်ဖက်ကမ်းရှိ ဝါဘိုကျေးရွာအတွင်းသို့ ဒရုန်းများ ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သားလူနေအိမ်တချို့မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်၊ ရခိုင်ရိုးမနှင့်ဆက်စပ်လျက်ရှိသော ရိုးမတောင်တန်းနှင့် ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်-မ ကွေးအစပ်၊ ရက္ခိုင်-ဧရာဝတီတိုင်း အစပ် နှင့် ရက္ခိုင်ရိုးမ – ဧရာဝတီတိုင်းအစပ်တို့တွင် ဖက်ဆစ် အ ကြမ်း ဖက်စစ်ကောင်စီ နှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။

 

ဇန်နဝါရီလ ၁၁ ရက်နေ့မှ စ၍ အမ်းမြို့နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေ စမ်း ကျေးရွာ အနီးပတ်ဝန်း ကျင် (တစ်နည်းအားဖြင့်) အမ်း-ပဒါန်း ကားလမ်းမအနီး၌ အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ ၈၈ ၊ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများ၊ မကွေး၊ ကပစ မှ တပ်ဖွဲ့ဝင်များ ပါဝင် သည့် တပ်ရင်းများနှင့် အာရက္ခတပ်တော်တို့ကြား အပြန်အလှန် ထိုးစစ်၊ ခံစစ်များနှင့်အတူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က အာရက္ခတပ်ဖွဲ့ဝင်များ နေရာယူထားရာနေရာသို့ အကြိမ်ကြိမ် ထိုး စစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း အထိအခိုက် အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေး ရသည်မှာ အကြိမ်ကြိမ်ရှိခဲ့သည့်အပြင် ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား အလောင်းအမြောက် အမြား၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် စစ်သုံ့ပန်းအချို့ကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း အစပ်၏ နေရာအချို့၊ ပွိင့် (၃၆၉) ကုန်း နှင့် ဧရာဝတီတိုင်း၊ ရေ ကြည်မြို့၊ ချင်းစုကျေးရွာအနီးတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း အာရက္ခ တပ်တော် -AA က အသိပေးထားသည်။

Photo – ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်မှ (၁၉) ရက်နေ့များတွင် အမ်းမြိုနယ်အတွင်း ကမြင်း ကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာအနီးပတ်ဝန်းကျင်တိုက်ပွဲများ၌ သိမ်းဆည်း ရမိခဲ့သော လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ သုံပန်း နှင့် ရန်သူ့အလောင်းတချို့

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *