Sagaing News

0 0
Read Time:2 Minute, 57 Second

စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းနှင့် အထကကျောင်း၌တပ်စွဲထားသော စစ်သား၊ ပျူများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၂ ဦးဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၀

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းနှင့် အထက ကျောင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း Royal Falcon Guerilla Force (Sadaung Falcon) ထံမှ သိရသည်။

 

ဇန်နဝါရီလ ၁၆ ရက် နံနက် ၁၀ နာရီ အချိန်အချိန် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရဲစခန်းနှင့် အ ထက်တန်းကျောင်း – အထက အတွင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ညောင် ငုတ်တို ကျေးရွာမှ ပျူစောထီးများ ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီး ၂ လုံး၊ ညနေ ၂ နာရီအချိန်တွင် လည်း ထပ်မံ၍ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် အဆိုပါ ဆားတောင်ရဲစခန်းနှင့် အထက် တန်းကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများကို ထပ်မံ၍ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု ၂ ရက်အတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

“ဒဏ်ရာပဲရတာ၊ သေတော့ မသေဘူး။ ဘန်ကာတွေကောင်းတွေက ကောင်းတယ်၊ ဗုံးချတဲ့အချိန်မှာ ဘန်ကာတွေထဲပြေးဝင်သွားတာ၊ မထင်မှတ်တဲ့ချိန် ကျဲချခဲ့တာ၊ စခအင်အားကတော့ သိပ်မများဘူး၊ ပုံမှန်ပဲ။ ကနော်တို့ ရဲဘော်တွေရဲ့ အိပ်မက်က ဒီတော်လှန်ရေးကြီး အမြန်ပြီးချင်တာပါ။ တော်လှန် ရေးကြီးအောင်မြင်ဖို့အတွက် လိုအပ်တာတွေကို ကူညီပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Royal Falcon Guerilla Force (Sadaung Falcon) မှာတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Royal Falcon Guerilla Force (Sadaung Falcon) ၊ Phoenix – Sagaing ၊ Unicorn Guerrilla Force နှင့် စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

RoyalFalconGuerillarForce (Sadaung Falcon) တပ်ဖွဲ့အနေဖြင့် အကြမ်းဖက်စစ်သားများကို ဝေဟင်မှ ဗုံးကျဲတိုက်ခိုက်နိုင်ရန် Drone Project ပြုလုပ်နေပြီး မိဘပြည်သူများ အနေဖြင့် ဝိုင်းဝန်း ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *