ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး၊ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၀
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ လက် နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် – ACDF မှ သတင်း နှင့် ပြန်ကြားရေးဌာနထံက သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် ညနေ ၄ နာရီခန့်က ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်း တနေရာ တွင် စခန်းစွန့်ခွာ ထွက်ပြေးလာသည့် တပ်မ ၉၉ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် အရှိုချင်း ကာ ကွယ်ရေးတပ် (ACDF) မှ တပ်စိတ် ၂ စိတ်တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရ သည်။
“ဘယ်ကနေ လာတာလဲဆိုတာတော့အတိအကျ မသိရဘူး။ အမ်းဘက်က ထွက်ပြေးလာတာတော့ မဟုတ်ဘူး။ စခတွေပြေးလာတာကို ကျနော်တို့က သိတယ်။ လူဦးရေဘယ်နှစ်ယောက်၊ လက်နက် ဘယ်နှစ် လက်နဲ့ပြေးလာတယ်ဆိုတာ သိလို့ တပ်စိပ် ၂ စိပ်နဲ့ ခွဲပြီးနေရာယူထားတာ၊ ပထမ တပ်စိပ် တစ်စိပ် က ပစ်ခတ်တဲ့အချိန်မှာ ပြန်ပြေးကြတာ၊ ပြန်ပေးတဲ့အချိန်မှာ ကြားဖြတ်ပြီး ပြန်တိုက်ခိုက် ကြတာ၊ အဲဒီအချိန်မှာ စခ ၃ ဦးသေတယ်၊ အတည်ပြုလို့ရတယ်၊ တိုက်ပွဲအတွင်းမှာဆိုတော့ လက် နက် ရရေးပဲ ဦးစားပေးပြီး လက်နက်ယူပြန်ဆုတ်ခွာခဲ့တာ၊ ၁၂ ယောက်က ပြန်ပြေးသွားတယ်၊ အဓိကတော့ တပ်စိပ် ၂ စိပ်နဲ့နေရာယူပြီး နယ်မြေရှင်းလင်းရေးလုပ်တာပါ။ မိဘပြည်သူတွေ အနေနဲ့ လည်း အစစအရာရာ ဂရုစိုက်ပေးကြပါလို့ ပြောချင်ပါတယ်” ဟု အရှိုချင်းကာကွယ်ရေးတပ် – ACDF မှ သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ပြောကြားသည်။
ယင်းတိုက်ပွဲသည် ညနေ ၅ နာရီ ၁၅ မိနစ်အထိကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ MA 1 အမျိုးအစား သေနတ် ၃ လက်၊ ကျည်ဆန်နှင့် ကျည်အိမ်များ သိမ်းဆည်းရရှိခဲ့ ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ACDF ရဲဘော်များ အထိခိုက်မှုမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media