Magway News

0 0
Read Time:2 Minute, 5 Second

မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းကို ဒရုန်းဖြင့် မီးလောင်ဗုံးအပါအဝင် ဗုံးသီး ၁၆ လုံး ကြဲချ တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၀

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းကို ဒရုန်းဖြင့် မီးလောင်ဗုံးအပါအဝင် ဗုံးသီး ၁၆ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း Eagle Brigade (Anyar Eagles) တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီ ၅ မိနစ်က ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရှိ လင်းကတောနယ်မြေရဲစခန်း ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဒရုန်းဖြင့် မီးလောင် ဗုံးအပါအဝင် ဗုံးသီး ၁၆ လုံးကျဲ ချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေ ဆုံးမှုရှိနိုင်ပြီး အတိအကျ သိရှိနိုင် ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“မီးလောင်ဗုံးရော၊ ရိုးရိုးဗုံးသီးရော ၁၆ လုံးချခဲ့ပါတယ်။ သေဆုံးထိခိုက်မှုကတော့ မသိရသေးပါဘူး။ ပစ်မှတ်ကိုတော့ သေချချနိုင်ခဲ့ပါတယ်။ မီးလောင်တာတွေလည်းရှိနိုင်ပေမယ့် ထင်သလောက်တော့ သိပ်မလောင်ခဲ့ပါဘူး။ မဟာမိတ်တွေရဲ့ မီးလောင်ဗုံးနဲ့ချခဲ့တာပါ။ သူတို့ဘက်ကနေကောင်တာပြန်ပစ် တာတွေလည်းရှိပါတယ်။ ပြည်သူတွေအနေနဲ့ အရင်ကထက် နိုးနိုးကြားကြားသတိရှိကြဖို့ တိုက်တွန်း ချင်ပါတယ်” ဟု Eagle Brigade (Anyar Eagles) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို Eagle Brigade (ANyar Eagles) ၊ Eagle Fighters (Myaing) ၊ MPL ၊ နဂါးနီ အဂ္ဂ ၊ ရေစကြို (Phoenix) နှင့် ပခုက္ကူခရိုင် တပ်ရင်း ၁၀ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *