မြိုင်မြို့နယ်နယ်တွင် စစ်တပ်ကလေကြောင်းဖြင့် ဗုံးကြဲ၊ မီးရှို့မှုကြောင့် အလုံး ၄၀ ခန့် ဆုံးရှုံး၊ မြိုင်မြို့ပေါ်ရှိ စစ်တပ်ကို လေယာဉ်ဖြင့် ခဲယမ်းများပို့ချ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၀
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲမှု၊ စစ်ကြောင်းထိုးမီးရှို့ မှုကြောင့် ပြည်သူ့နေအိမ် အလုံး ၄၀ ခန့်ဆုံးရှုံးခဲ့ကြောင်း We Love Myaning ထံက သိရသည်။
ဇန်နဝါရီလ ၁၈ ရက် မွန်းလွဲ ၁ နာရီ ၄၇ မိနစ်အချိန်က မြိုင်မြို့နယ်၊ ကျောက်ကုန်းရွာကို အကြမ်း ဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ့နေ အိမ် ၂ လုံး ပြိုကျပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် ညနေ ၆ နာရီခန့်တွင် မြေပြင်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများက လည်း ကျောင်းကုန်းရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ရာ နေအိမ် ၂၇ လုံး ပြာကျခဲ့ ကြောင်း၊ အလားတူ သံပရာခြံရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၇ လုံးထက်မနည်း ပြာကျ ဆုံး ရှုံးခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်သားများသည် မြိုင်မြို့နယ်၊ ကန်နီပျူရွာမှ ထွက်ခွာလာခြင်းဖြစ်ပြီး ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့က ညဦးပိုင်းတွင် ဂွေးပင်လယ်ရွာသို့ရောက်ရှိခဲ့ပြီး ဇန်နဝါရီလ ၁၉ ရက် နံ နက် ၁၁ နာရီအချိန်တွင် ဂွေးပင်လယ်ကျေးရွာမှ တဆင့် မြိုင်မြို့ထဲသို့ ဝင်ရောက်သွားကြောင်း We Love Myaing က ရေးသားထားသည်။
ဇန်နဝါရီလ ၁၉ ရက် ညနေ ၃ နာရီနှင့် ၃ နာရီ ၃၀ မိနစ်ကြားတွင် မြိုင်မြို့ပေါ်ရှိအကြမ်းဖက်စစ်တပ် ကို Y12 ထောက်ပို့လေယာဉ်ဖြင့် ဆေးဝါးနှင့်ခဲယမ်းများဟု ယူဆရသော အထုပ် ၁၃ ထုပ် ကို ၇ ကြိမ် ကျဲချပေးကာ ထောက်ပို့ပေးခဲ့ကြောင်း၊ ထို့ကြောင့် မြိုင်မြို့အနီးရှိ မိဘပြည်သူများအနေဖြင့် စစ်ရေး၊ အသိသတိဖြင့် နေထိုင်ကြပါရန် မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media