CDM News

0 0
Read Time:2 Minute, 57 Second

စစ်ကိုင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၅ သင်တန်းဆင်းတပ်သား ၁ ဦးက လက်နက်ခဲ ယမ်းများယူဆောင်ပြီး PDF တပ်ဖွဲ့ဝင်အဖြစ် ထမ်းဆောင်ရန် အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၀

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်းတပ်သား ၁ ဦး က လက်နက်ခဲယမ်းများယူဆောင်ကာ PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန် အလင်းဝင်ခဲ့ကြောင်း မုံရွာ ခရိုင်အမှတ် ၂၅ တပ်ရင်း – သံမဏိ Force တပ်ဖွဲ့ထံမှ သိရသည်။

 

ဇန်နဝါရီလ ၇ ရက်န့က စစ်ကိုင်းမြို့နယ်၊ တပ်မ ၃၃ လက်အောက်ခံ၊ နုံးတော၌ တာဝန်ကျနေသူ ပြည်သူ့ စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သား ချစ်သူ သည် မုံရွာခရိုင်အမှတ် ၂၅ တပ် ရင်း – သံမဏိ Force ထံဆက်သွယ်ကာ MA 1 အမျိုးအစားသေနတ် တစ်လက် ၊ ကျည်ဘောက် ၃ ဘောက် ၊ ကျည်အတောင့် ၁၀၀ နှင့်အတူ အလင်းဝင်ခဲ့ကြောင်း သိရသည်။

“တပ်မ ၃၃ ကနေ ရွှေဘို ၊ ကျောက်မြောင်းကို သွားရမှာ၊ သွားတဲ့သူတွေလည်း သွားနေကြရပြီ၊ သူက မသွားရသေးပဲ စစ်ကိုင်းနဲ့ မြင်းမူကြားက နုံးတောဂိတ်မှာ တာဝန်ချတဲ့အချိန် သွားခေါ်ထုတ်ခဲ့ရတာ၊ ကျနော်တို့ တပ်ရင်းထဲမှာက သူ့အစ်ကိုရှိတာကိုး၊ သူ့အစ်ကိုကို ချိတ်ဆက်လာတဲ့အချိန်မှာ ညတွင်း ချင်းသွား ထုတ်တာ၊ သူ့ကို ရွှေဘို၊ ကျောက်မြောင်းပို့ဖို့က လမ်းကြောင်းမကောင်းတော့ ပို့မရလို့ နုံးတောမှာ တာဝန်ချထားတဲ့အချိန် ရအောင်ခေါ်ထုတ်လိုက်တာ။” ဟု မုံရွာခရိုင်အမှတ် ၂၅ တပ်ရင်း – သံမဏိ Force တပ်ဖွဲ့မှ ဒုတပ်ရင်းမှူးက ပြောကြားသည်။

 

ထိုသို့ အလင်းဝင်ရောက်လာသူ စစ်မှုထမ်းတပ်သား ချစ်သူသည် မကွေးတိုင်း ဇာတိဖြစ်ပြီး ပေါ်တာ ဆွဲခံရမှုကြောင့် စစ်တပ်အတင်းအဓမ္မဆွဲသွင်းခံရကာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၅ ကို တက် ရောက်ခဲ့ရသူဖြစ်ကြောင်း၊ ယခုအခါ မုံရွာခရိုင် တပ်ရင်း ၂၅ – သံမဏိတပ်ဖွဲ့တွင် PDF တပ်ဖွဲ့ဝင် အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပြီး လက်နက်ခဲယမ်းများ ယူဆောင်လာနိုင်သည့် အတွက် မုံရွာခရိုင်တပ်ရင်း ၂၅ – သံမဏိတပ်ဖွဲ့က ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေရသော စစ်သားများ၊ ရဲများ၊ ပြည်သူ့ စစ်မှုထမ်းဖြင့် ဝင်ရောက်လုပ်ကိုင်နေရသူ စစ်သားများအနေဖြင့် အလင်းဝင်ရောက်မည်ဆိုပါက မည် သည့်နေရာ၊ မည်သည့်အချိန်၊ မည့်သည့်အခြေအနေမဆိုရအောင်ကယ်ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *