Sagaing News

0 0
Read Time:1 Minute, 49 Second

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် မိုင်းရှင်းစစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၂ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၉

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် မိုင်းရှင်းရန် ထွက်လာသောအကြမ်း ဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၂ ဦး သေဆုံးခဲ့ ကြောင်း မုံရွာခရိုင် တပ်ရင်း ၁၂ ၊ တပ်ခွဲ ၃ -လျှပ်စီးတပ်ခွဲထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ချောင်းဦးမြို့တွင် အကြမ်းဖက် စစ်သား ၃၀ ခန့်သည် ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် မိုင်းရှင်းရန် ထွက်လာခဲ့သဖြင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်သား ၂ ဦးသည် ခြေထောက်ပြတ် တောက်ကာ ကျန် ၁ ဦးမှာ လက်ပြတ်တောက်ခဲ့သဖြင့် ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ် -၁၂ တပ်ရင်း ၊ တပ်ခွဲ -၃ ) နှင့်အတူ Eleven People Defense Force၊ Nway Oo Brothers Column ၊ မုံရွာခရိုင် အမှတ် -၁၅ တပ်ရင်းနှင့် ရှန်း ရှန်းတောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *