Poem

0 0
Read Time:1 Minute, 30 Second

ကဗျာကဏ္ဍ “တွဲလက်ခိုင်စေ အိုအဆွေ”

 

ပျိုးကြဲလက်

 

သေမင်းမျက်လုံး ၊ အမှောင်ဖုံးသော်

စစ်ရှုံးလူယုတ် ၊ ဉာဏ်ရည်ဆုတ်၍

ကိုယ်နှုတ်စိတ်ကြမ်း ၊ ရမ်းချေပြီ ။

 

တရားစောင့်နတ် ၊ အရှင်မြတ်လည်း

သေနတ်ကျည်ခ ၊ ဇီဝိန်ကြွ၍

ဒီပဇမ္ဗူ ၊ သွေးပွတ်ဆူ၏ ။

 

မကောင်းသူပယ် ၊ ကောင်းသူကယ်မည့်

အဘယ်သိကြား ၊ ကိုလေထွားပင်

လူကြားမျက်မြင် ၊ မပြသာပြီ ။

 

ရိုးရာနတ်မွန် ၊ သုံးဆယ့်ခွန်ဟု

တံခွန်ထောင်လွှား ၊ ကိုယ်တော်များက

ဘုံကားပြာပုံ ၊ ကြောက်ဒူးတုန်၏ ။

 

ဝိဇ္ဇာထိုရ်ကမ်း ၊ အထက်လမ်းမှ

ယောင်ယမ်းမန်းမှုတ် ၊ ဂါထာစုတ်လည်း

လူယုတ်မနိုင် ၊ ဘိုးတော်မှိုင်ပြီ ။

 

အောက်လမ်းမဟာ ၊ မှော်ဆရာလည်း

ပြေးဟာပြေးဟ ၊ ပြေးလိုက်ကြဟု

ဂနိုင်တောကြား ၊ စစ်ရှောင်ရှား၏ ။

 

တော်လှန်ကြပေ ၊ အိုအဆွေတို့

အခြေကောင်းကောင်း ၊ မကောင်းကောင်းလျှင်

စိတ်ထောင်းကိုယ်ကြေ ၊ မဖြစ်လေနှင့်

လက်တွေတွဲထား ၊ အောင်စိတ်ပွားလျက်

လူအားငွေကူ ၊ တာဝန်ယူ၍

ကိုယ်ထူကိုယ်ထ ၊ ကိုယ်စီကြွလော့

နိုးကြထကြ ၊ ဖေးမကြလော့

ထကြကြွကြ ၊ ပုန်ကန်ကြလော့

တိုက်ကြခိုက်ကြ ၊ နှိမ်နင်းကြလော့ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၄ ရက် ည ၉ နာရီ ၁၃ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *