ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၁ တပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ထိခိုက် ပျက်စီးမှု များပြား
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၉
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ကပစ ၂၁ ကို ၁၀၇ မမရှော့ဒုံး များ ဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက် ညနေ ၄ နာရီ မိနစ် ၂၀ အချိန်က ဆိပ်ဖြူမြို့နယ်အခြေစိုက် ကာ ကွယ်ရေး ပစ္စည်းထုတ် စက်ရုံ -ကပစ ၂၁ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ လုံးအောင်မြင်စွာ စက်ရုံအတွင်း ကြီးမားသော ထိခိုက်မှုရှိခဲ့ကြောင်း ကနဦးသတင်းရရှိထားကာ တိကျသော အသေးစိပ်နောက်ဆက်တွဲ ထိခိုက်သေဆုံးမှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Eagle Brigade (ANyar Eagle) အဖွဲ့ ၊ No More Dictatorship-NMD အဖွဲ့၊Shadow (Mandalay)အဖွဲ့နှင့် ဒေသခံတော်လှန်ရေးရဲဘော်အင်အားစုများပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် ကောင်စီ၏ ကပစ (၂၁) သည် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် တည်ရှိ ပြီး စစ်ကောင်စီ၏ လေတပ်က နိုင်ငံတဝန်းရှိ ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်ရာတွင် အသုံးပြုသော ပေါင် ၂၅၀၊ ပေါင် ၅၀၀ ဗုံးသီးများ၊ cluster ဗုံးသီးများ အပါအဝင် တိုက်လေယာဉ်သုံး လူသတ်ဗုံးသီး အမျိုးမျိုးကို အဓိကထုတ်လုပ်ပေးနေသည့်စက်ရုံဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် BWM နှင့် မဟာမိတ် အဖွဲ့များက ကပစ ၂၁ ကို လေတပ် ဆက်စပ်ပစ်မှတ် အဖြစ်သော် လည်းကောင်း၊ အရေးပါသော အကြီးစား စစ်ရေး ပစ်မှတ် အဖြစ်သော်လည်းကောင်းသတ်မှတ်၍ BWM Mission 31 အဖြစ်ဖော်ဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
BWM Misison 31 ဖြစ်မြောက်ရေးအတွက် တတ်နိုင်သော ကဏ္ဍမျိုးစုံမှ ပူးပေါင်း ပါဝင် ပေးခဲ့ကြ သည့် မဟာမိတ် တော်လှန်ရေးအဖွဲ့အားလုံးကိုလည်း ကျေးဇူးအထူးရှိပါကြောင်း၊ ရှေ့ဆက်၍လည်း ထိရောက်သော တော်လှန်ရေးအရွေ့ဖြစ်စေမည့် အကြီးစားစစ်ရေးပစ်မှတ်များကို ရှာဖွေဖော်ထုတ် တိုက်ခိုက်သွားပါမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media