CDM News

0 0
Read Time:3 Minute, 13 Second

မုံရွာမြို့၊ နမခတွင် တာဝန်ကျနေသော စစ်မှုထမ်းစစ်သား ၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်၊ ရန်ကုန်နှင့်ဟင်္သာတမြို့နယ်တို့တွင် အတင်းအဓမ္မစစ်သားစုဆောင်းခံသူများဖြစ်

 

သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၉

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ တွင် တာဝန်ကျနေ သော စစ်မှုထမ်းစစ်သား ၅ ဦး လက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Union Liberation Front – ULF စစ်ကြောင်း ထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက် နံနက် ၅ နာရီခန့်က မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ် ဌာနချုပ် – န.မ.ခ တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်း အပတ်စဉ် ၅ မှ စစ်ကောင်စီ တပ်သား ၄ ဦး သည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် Union Liberation Front – ULF စစ်ကြောင်း နှင့် မဟာမိတ်များထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရှမ်းပြည်ဘက် အလုပ်လုပ်ဖို့ သွားရင်း လမ်းမှာ ဖမ်းခံရတာပါ။ ရန်ကုန်ဘက်ကနေ မုံရွာ န.မ.ခ ကို ရောက်လာတာဖြစ်ပါတယ်။ တပ်ထဲမှာ မနေချင်တာနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထွက်လာကြတာ ဖြစ်ပါ တယ်” ဟု အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကပြောကြားခဲ့ကြောင်း ULF စစ်ကြောင်းက ထုတ်ပြန်ထားသည်။

 

အလင်းဝင်ရောက်ခဲ့သူများမှာ တသ ကျော်မျိုးထွန်း ၊ ကျော်ကျော်ဖြိုး ၊ ရဲရင့်ပိုင်နှင့် အေးမင်းထွန်း တို့ဖြစ် ကြပြီး ၊ ရန်ကုန်မြို့ နှင့် ဟင်္သာတမြို့များမှ စစ်ကောင်စီတပ်၏ စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ် သား စုဆောင်းခြင်း ခံရသူများ ဖြစ်ကြောင်း၊ ထို့အပြင် ဇန်နဝါရီလ ၆ ရက်နေ့ ကလည်း နမခ၌ တာ ဝန် ကျနေသော စစ်ကောင်စီတပ်သား ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် တပ်မ (၇၇) လက်အောက်ခံ အမှတ် (၁၀၅) တပ်ရင်း၌ စစ်မှုထမ်း အ ပတ်စဉ် ၅ သင်တန်းတက်ရောက်ခဲ့ရပြီး မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်ခံ ရသူများဖြစ်ကြောင်း ၊ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သူများကို တစ်ဦးလျှင် ငွေ ကျပ် သိန်း ၃၀ စီဆုချီးမြှ့င်ပေးခဲ့ကြောင်း သိရသည်။

 

“အဖွဲ့အစည်းကို ဘယ်လိုအကြောင်းကြားရမှန်း မသိတော့ လက်နက်တွေ ဖွက်ပြီး အရပ်သားပုံစံနဲ့ လာကြတယ်။ ပြီးမှ ရဲဘော်တွေနဲ့ တွေ့ပြီး သိမ်းခဲ့တဲ့ လက်နက်တွေ ပြန်ရှာရတယ်။ ဘာပဲ ဖြစ်ဖြစ် အလင်းဝင်လာသူတွေကို နွေးထွေးစွာကြိုဆိုပါတယ်။ ကောင်းမွန်စွာ ကျွေးမွေးထားကာ လွပ်လပ်စွာ နေထိုင်ခွင့်လည်းပေးထားပါတယ်၊ နောက်ပိုင်း မိသားစု၊ ဆွေးမျိုးတွေ့ဆုံခွင့်ရဖို့အထိ လုပ်ဆောင်ပေး သွားမှာဖြစ်ပါတယ်” ဟု ULF စစ်ကြောင်းက ပြောဆိုထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *