ကော့သောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး လူအမည်စာရင်းနှင့်တကွ အတင်းအဓမ္မ စစ်သားစုဆောင်းနေ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၈
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးကာ လူအမည် စာ ရင်းနှင့်တကွ လိုက်လံဖမ်းဆီးပြီး အတင်းအဓမ္မစစ်သားစုဆောင်းနေကြောင်း ဒေသသတင်းရင်းမြစ် ထံက သိရသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့မှ စ၍ ကော့သောင်းမြို့နယ်၊ မာရမ်းဒေသ၊ ရှမ်းကိုးရွာဘက်သို့ အင်အား ၅၆ ဦး ဖြင့် စစ်ကြောင်းထိုးကာ မာရမ်းကျေးရွာ ရွာဦးတောင်ပေါ်ကျောင်းနှင့် မာရမ်းရဲစခန်းတို့တွင် တပ် စွဲပြီး အနီးအနားကျေးရွာများရှိ အုပ်ချုပ်ရေးမှူးထံ စစ်မှုထမ်းလူဦးရေစာရင်းများပေပို့ကာ လိုက်လံ ဖမ်းဆီး၍ စုဆောင်းနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်ကျေးရွာနေလူငယ်အများအပြား ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း သိရသည်။
“လွန်ခဲ့တဲ့ ၃ ရက်လောက်က ကော့သောင်းကို စစ်မှုထမ်းဖို့ အမြန်ရေယာဉ်နဲ့ ၂၀ လောက် ပို့လိုက် တယ်၊ ၂ ယောက်တော့ ပျောက်သွားလို့ဆိုပြီး စခတွေလိုက်ရှာနေတယ်။ စစ်မှုထမ်းဖမ်းဖို့အတွက် ရွာကအုပ်ကြီး ဆီကို လူငယ်အမည်စာရင်းပေးပို့ပြီး ခေါ်ခိုင်းနေတာ၊ မလိုက်တဲ့သူတွေဆို လိုက် ဖမ်းနေတာ၊ ဘယ်နှစ်ယောက်ပါသွားလဲဆိုတာတော့ အတိအကျ ပြောမရသေးဘူး။ ဖမ်းနေတာ လည်းရှိတယ်၊ ပို့နေတာ လည်းရှိတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဉ် ၉ သင်တန်းပေးရန် လူငယ်များကို အတင်း အဓမ္မလိုက်လံဖမ်းဆီးကာ စုဆောင်းနေခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်၏ အတင်းအဓမ္မ ဖမ်းဆီးခံရမှုများနှင့်ပတ်သက်၍ သတင်းပေးပို့ကြပါရန် ကော့သောင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က အသိပေးထားသည်။
Thanlwin Myanmar Media