ဆားလင်းကြီးမြို့ပေါ်တွင် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၈
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် ကင်းပုန်းဝပ်ရန်ထွက်လာသော အကြမ်းဖက်စစ်သားများကို စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၃၅၊ တပ်ခွဲ ၃ တောင်ပံနီအထူးပြောက်ကျား တပ်ဖွဲ့ (Salingyi) ထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၈ ရက် နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က ဆားလင်းကြီးမြို့ဆေးရုံသန့်ရှင်းရေး လုပ်ပြီးနောက် ဘန်ကာတည်ဆောက်ရန် ကင်းစောင့်ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ် သား ၈ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ကျန် စစ်သားများမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၃၅၊ တပ်ခွဲ ၃ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (Salingyi) ၊ ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ၊ SPDF (salingyi) နှင့် SOLO AUNG GYI (salingyi) မဟာမိတ်လေးဖွဲ့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအပြီး ဒုတိယအကြိမ် ကင်းပုန်းယူရန် ထွက်လာသော အကြမ်းဖက်စစ်သား ၃ ဦး ကို ဆားလင်းကြီး လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစုမှ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေ ဆုံးမှုကို သိရှိနိုင်ရန် စုသံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ပြည်တွင်းပြည်ပရှိတော်လှန်မိဘပြည်သူများအနေဖြင့်လည်း ဆက်လက်၍ တိုက်ပွဲများ ဖော်ဆောင် နိုင်ရန်အတွက် ကျည်တစ်တောင့်ဖိုးဖြစ်စေ တော်လှန်ရေး၏ တစ်စိတ်တစ်ဒေသကိုဖြစ်စေပါဝင် ကူ ညီအားဖြည့်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media