အရာတော် – မုံရွာလမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၈
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အရာတော် -မုံရွာလမ်းပိုင်းတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။
ဇန်နဝါရီလ ၁၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်က အရာတော်မြို့နယ်၊ မုံရွာ – အရာတော်လမ်းရှိ ရသေ့ကျောင်းအနီးသို့ စစ်ကြောင်းထိုးရန်ထွက်လာသော အကြမ်းဖက်စစ်ယာဉ်တန်းများကို Fixed Wings Drone များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အတိ အကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း (၃၅) တပ်ခွဲ (၃) တောင်ပံနီအထူးပြောက်ကျား တပ် ဖွဲ့ (Salingy)၊ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi)နှင့် မဟာမိတ်ညီ နောင်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်းပြည်ပရှိ တော်လှန်မိဘပြည်သူများအနေဖြင့်လည်း ဆက်လက်၍တိုက်ပွဲများဖော်ဆောင် နိုင်ရန်အတွက် ကျည်တစ်တောင့်ဖိုးဖြစ်စေ ၊တော်လှန်ရေး၏ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ပါဝင် ကူညီအားဖြည့်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media