Sagaing News

0 0
Read Time:5 Minute, 55 Second

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်း ကင်းပုန်းဝပ်နေသော စစ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု ၂ ပွင့်ဗိုလ်တစ်ဦးအပါအဝင် စစ်သား ၁၂ ဦးထက်မနည်းသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၈

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမကြီးဘေးရှိ အဆောက်အအုံတစ်ခုအတွင်း ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ပွင့်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၁၂ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – CHU PDF ထံမှ သိရသည်။

 

ယနေ့ ဇန်နဝါရီလ ၁၈ ရက် နံနက် ၉ နာရီ ၁၀ မိနစ်က ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းပိုင်း တနေရာရှိ ပြည်သူပိုင်အဆောက်အဦး ၁ လုံးအတွင်း၌ ကင်းပုန်းဝပ်ရန် အကြမ်းဖက်စစ်သား ၂ ဦး ရောက်ရှိလာပြီး စစ်ဆေးကြည့်ရှုခဲ့ကြောင်း၊ ၅ မိနစ်ခန့်အကြာတွင် ယင်းအကြမ်းဖက်စစ်သား ၂ ဦး ပြန်လည်ထွက်သွားပြီးနောက် ၃ မိနစ်ခန့်အကြာ ချောင်းဦးမြို့တွင်းမှ ဖောကားအဖြူရောင် ၂ စီးဖြင့် အကြမ်းဖက်စစ်သား ၃၀ ခန့်ရှိလာခဲ့ကြောင်း သိရသည်။

 

ထိုသို့ ရောက်ရှိလာပြီးနောက် အကြမ်းဖက်စစ်သားများ အသီးသီးနေရာယူရန် ပြင်ဆင်နေစဉ် ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်​ရေးတပ် CHU PDF တပ်ဖွဲ့ ၄ မှရဲဘော်များက အဆောက် အအုံ ဝင်ရောက်၌ ၂ လုံး၊ အဆောက်အအုံနှင့် မုံရွာ မန္တလေးလမ်းမကြီးကြား ၂ လုံး တို့ဖြင့် တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးထက်မနည်းပွဲချင်းပြီးသေဆုံးသွားကြောင်း သိရ သည်။

Photo – ရန်ကုန် -မန္တလေးအမြန်လမ်းဘေးရှိ အကြမ်းဖက်စစ်သားများ အမြဲတမ်းကင်းယူနေသော အဆောက်အအုံ (ပုံဟောင်း)

“ချောင်းဦးမြို့ထဲကနေထွက်တဲ့စခတွေပဲ၊ ကျနော်တို့ယူဆတာတော့ မုံရွာ-မန္တလေးလမ်းကြောင်းမှာ လမ်းကြောင်းရှိပုံရတယ်၊ ပုံမှန်လည်းအဲလိုလမ်းကြောင်းရှိတဲ့အခါမှာ ကင်းပုန်းထွက်နေကြ။ ၂ ဦးက အဆောက်အအုံအတွင်းကို ပထမဆုံးလာကြည့်တဲ့သဘောပဲ၊ သူတို့ကင်းယူမယ့်နေရာကို ခဏလာ ကြည့်ပြီးတော့ ပြန်ထွက်သွားချင်းချင်းပဲ ၃ မိနစ်လောက်ပဲကြာမှာ ဖောကား ၂ စီးနဲ့ အင်အားရောက် လာတာ၊ ရောက်ရောက်ချင်း နေရာယူကြဖို့ပြင်နေတုန်း တချို့အဆောက်အအုံထဲဝင်နေတုန်း တချို့ လမ်းပေါ်မှာရှိနေတဲ့အချိန် ၄ လုံးပဒေသာမိုင်းနဲ့ဆွဲတာ။ အဆောက်အုံထဲမှာလည်း သေတာရှိတယ်၊ လမ်းပေါ်မှာလည်းအလောင်းတွေရှိတယ်၊ ဒဏ်ရာပေမယ့် ဒဏ်ရာရတဲ့သူတွေကို ဦးစားပေးပြီးတော့ ချောင်းဦးမြို့ထဲသယ်သွားပြီ။ အလောင်းတွေကတော့ အခုချိန်အထိ မကောက်နိုင်သေးဘူး။ လက်ရှိ မျက်မြင်ကတော့ ၇ ဦးရှိတယ်၊ ဒါ့ထက်ပိုမယ်တိတိကျကျတော့မသိရသေးဘူး။” ဟု ချောင်းဦးမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့အပြင် သေဆုံးဒဏ်ရာရ အကြမ်းဖက်စစ်သားများကို သယ်ယူရန် ကင်းပုန်းထွက်လာသော အကြမ်းဖက်စစ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁ ဦး ထက်မံသေဆုံးခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“မျက်မြင်သေတာက ထိတွေ့တိုက်ပွဲမှာရောဆိုရင် ၈ ဦးရှိတယ်၊ အဆောက်အအုံထဲမှာလည်း အ လောင်းတွေတော်တော်များတယ်လို့ သတင်းရထားတယ်။ ဖောကား ၂ စီးနဲ့ဆိုတော့ အင်အားက ခန့်မှန်းခြေ ၂၀ နဲ့ ၃၀ ကြားရှိမယ်၊ ထိတွေ့မှုက အလောင်းကောက်ဖို့နဲ့ ဒဏ်ရာရသူတွေသယ်ဖို့ အတွက် ထပ်ပြီးတော့ ကင်းထပ်တိုးတဲ့အချိန်မှာ ကျနော်တို့ ကင်းပုန်းရဲဘော်နဲ့တွေ့ပြီးတော့ ထိတွေ့ မှုဖြစ်တာ၊ သူတို့ဘက်ကလက်နက်ကြီးပစ်ခတ်မှုတော့ရှိတယ်၊ ဒါပေမယ့် ကျနော်တို့ရဲဘော်တွေ အန္တရာယ်ကင်းပါတယ်။” ဟု ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ချောင်းဦးမြို့ဆေးရုံသို့‌ ရောက်ရှိလာသော အကြမ်းဖက်စစ်သား ၁၀ ဦး အနက် ၂ ပွင့်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၄ ဦး ထပ်မံသေဆုံးခဲ့ပြီး လက်ပြတ်ထွက်သူ ၂ ဦး၊ ခြေထောက် ပြတ်ထွက်သူ ၁ ဦး၊ ပေါင်ပြတ်ထွက်သူ ၁ ဦး၊ ခေါင်းထိသူ ၁ ဦး နှင့်ကျန် ၁ ဦးကို စုံစမ်း နေဆဲဖြစ်ကြောင်း၊ ၎င်းတို့အနက် ခြေပြတ်လက်ပြတ်သူ ၂ ဦးမှာ သေဆုံးနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု ၂ ခုကြောင့် အကြမ်းဖက်စစ်သားအင်အားတိုးမြှင့်ကာ စစ်ဆေးမှုများ ပြုလုပ်နေ သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေသောကြောင့် မုံရွာ -မန္တလေးလမ်းကို အသုံးပြု သွားလာနေကြသော ခရီးသွားမိဘပြည်သူများအနေဖြင့် စစ်ရေး ၊ အသိ ၊ သတိထားဆင်ခြင်၍ သွား လာကြပါရန် တိုက်တွန်းမေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *