Poem

0 0
Read Time:1 Minute, 25 Second

ကဗျာကဏ္ဍ “ပြည့်ရန်ငြိုးက တိုးချေပြီ”

 

ပျိုးကြဲလက်

 

တပ်ခေါင်းဆောင် အရာရှိတွေက

သူခိုးငတိ ဗာလအထွေထွေနှင့်

အကျိုးမရှိ လာဘမသွေကြည့်ပြန်တော့

နွှဲမိသမျှ စစ်ပွဲရာထောင်မှာဖြင့်

အောင်လံတော် မြေဝယ်ခပြီမို့

တပ်ပျက်ရ အလီလီ ။

 

စစ်မှုထမ်း ဥပဒေနှင့်

ရဲမက်အထွေထွေ မွေးထုတ်ထားပြန်တော့

လွဲချက်ကယ်မသွေ ခွေးဂုတ်ကျားတွေက

တားမရ ဆီးမရ အလင်းဝင်ကြတာဖြင့်

သင်တန်းမျက်နှာ တခါမထောက်နိုင်ပေဘု

စိတ်ပေါက်ချေပြီ ။

 

ရန်သူကို လေ့ကျင့်ပေးနေရသလိုပ

တွေးကြည့်လျှင် အင်မတန်ရင်နာရပါဘိ

သံသရာဝဋ်ကြွေး တယ် မသေးလှပါဘု

ခံစရာ မလွတ်သေး ငါတကယ်မှေးချင်ပေါ့

ကျွန်ခွေးတစ်အုပ်နှင့် ဝေးရာဆီ

ပြေးချင်ပြီပေါ့ ရှာဖွေမြဲ ။

ဝေးချင်သည်နော့ ငါလေမလွဲ ။

 

လူငယ်တွေ ဖမ်းမယ်ကြံရင်ဖြင့်

မဟန်ပေါင် ငါ့ကောင်တွေ ချမ်းသာဆဲပေမို့

လက်နက်ဆွဲကာ အလင်းဝင်သွားရင်ဖြင့်

ငထွားမှာ ခါးအခါခါ နာရဘိ

မစားသာ အမှားအရာ ကြာရချည့်

ပြည်နာလေ ရန်ငြိုးအထွေထွေက

တိုးလို့သာကဲ ။   ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် ညနေ ၅ နာရီ မိနစ် ၃၀ အချိန်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *