PDF News

0 0
Read Time:2 Minute, 16 Second

တောင်ပိုင်းစစ်ဒေသ၌ တစ်ပတ်အတွင်း အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းကင်းစခန်းတစ်ခု သိမ်း ပိုက်မှုအပါအဝင် တိုက်ပွဲများအတွင်း စစ်သား ၂၈ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၈

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၌ တပတ်အတွင်း အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းကင်းစခန်း တစ်ခုသိမ်းပိုက်မှုအပါအဝင် တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၂၈ ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။

 

ဇန်နဝါရီ ၁၁ ရက်မှ ၁၇ ရက်နေ့အထိ ၇ ရက်တာကာလအတွင်း တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(PDF)၊ KNU-KNLA၊ အခြား တော်လှန်ရေးပူးပေါင်းအဖွဲ့များနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၈ ဦးသေဆုံး၍ ၄၅ ဦးနှင့် အထက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မြဝတီ-ကော့ကရိတ် အာရှလမ်းမတိုက်ပွဲတွင် သိမ်းဆည်းရမိခဲ့သော စစ်ကောင်စီ၏ လက် နက်ခဲယမ်းများ

ယင်းတိုက်ပွဲများအတွင်း မြဝတီမြို့သို့ ထိုးစစ်ဆင်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေ ယျစစ်ကြောင်းမှ ကော့ကရိတ်-အာရှလမ်းရှိ ရှေ့တန်းယာယီတပ်စခန်းငယ် တခုကိုလည်း တော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲများအတွင်း အကြမ်းဖက်ကောင်စီတပ်သားများ အသုံးပြုသည့် လက်နက်ငယ် ၁၁ လက်၊ လက်နက်ကြီး ၁ လက်၊ မိုင်းနှင့် ခဲယမ်းမျိုးစုံနှင့် အခြား စစ်ဘက်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရ ရှိခဲ့ကြောင်း သိရသည်။

 

မြေပြင်တွင် အထိနာနေသော အကြမ်းဖက်စစ်ကောင်စီတပ်သည် အရပ်သားပစ်မှတ်များကိုပါ မချန် ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအသုံးပြုတိုက်ခိုက်နေကြောင်း တောင်ပိုင်း စစ်ဒေသက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *