TNLA News

0 0
Read Time:3 Minute, 6 Second

တအာင်းပြည်တွင် ဗုဒ္ဓဘာသာ တိုးတက်ပြန့်ပွားစေရန် တအာင်းသံဃာတော်များနှင့် PSLF/TNLA ၏ ထိပ်ပိုင်းခေါင်းဆောင်များတွေ့ဆုံပြီး ဗဟိုသံဃာတော် အစည်းအဝေးပြုလုပ်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၇

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်တွင် ဗုဒ္ဓဘာသာ တိုးတက်ပြန့်ပွားစေရန် တအာင်းသံဃာ တော် များနှင့် PSLF/TNLA ၏ ထိပ်ပိုင်းခေါင်းဆောင်များတွေ့ဆုံပြီး ဗဟိုသံဃာတော် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၉ နာရီမှ ၁၂ နာရီအထိ တအာင်းပြည်၊ တပ်မဟာ ၅ နယ်မြေ၊ ကွတ်ခိုင်မြို့နယ်၊ ဟိုကျန့်ကျေးရွာ ကမ္ဘာအေးကျောင်းတွင် တအာင်းသံဃာတော်အဖွဲ့မှ ဦးဆောင် ကာ တအာင်းပြည်တစ်ခုလုံး ဗုဒ္ဓသာသနာတော်ကြီးတိုးတက် ပြန့်ပွားသွားစေရန်အတက် တအာင်း သံဃာတော်များ နှင့် PSLF/TNLA၏ ခေါင်းဆောင်များမှ ဗဟိုသံဃာတော်အစည်းအဝေးကျင်းပခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် သာသနာတော်များ တိုးတက်စေရန် တစ်ဖက်တစ်လှမ်းဖြင့် ကူညီသွားမည် ဖြစ်ပြီး တအာင်းပြည်တစ်ခုလုံး ဗုဒ္ဓသာသနာတော်ကြီးတိုးတက် ပြန့်ပွားသွားစေရန် တအာင်း သံဃာ တော်အဖွဲ့မှ အလုပ်ပိုမိုလုပ်ဆောင်ရန် လိုအပ်သည်ဟု ဗိုလ်ချုပ် တားဘုန်းကျော်က ပြောကြားခဲ့ ကြောင်း သိရသည်။

 

အဆိုပါ အစည်းအဝေးတွင် (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော အမျိုးဘာသာ၊ သာသနာ ပြုလုပ်ငန်းများ တင်ပြခြင်း၊ ရှေ့လုပ်ငန်းစဥ်များ တင်ပြဆွေးနွေးခဲ့ခြင်းတို့ လုပ်ဆောင်ခဲ့သည့်အပြင် ယခုနှစ်တွင်လည်း ဩဝါဒစရိယဆရာတော်များက ပိဋကတ်သုံးပုံတရားတော်များကို တအာင်း ဘာ သာဖြင့် ပြန်ဆိုရေးသားရန် အတည်ပြုခဲ့ကြောင်း သိရသည်။

 

ရှေ့လုပ်ငန်းစဉ်များတွင် သာသနာရေးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေးနှင့် ဗုဒ္ဓတက္ကသိုလ် ဖွင့် လှစ်နိုင်ရေး၊ တအာင်းသံဃာတော်များ ခေတ်မှီသော ပညာရေးဖြစ် သာသနာပြုစွမ်းရည် တိုးတက် မြင့်မာလာစေရေးနှင့် တအာင်းသံဃာတော်များ လူမျိုးဘာသာ သာသနာကို မြင့်တင်နိုင်ရေးတို့ ချမှတ်ခဲ့သည်ဟု ဆိုသည်။

 

အစည်းအဝေးသို့ မြို့နယ်ပေါင်းစုံမှ သံဃာတော် (၆၅) ပါးနှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး PSLF/TNLA၏ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ချုပ် တားဘုန်းကျော်၊ အထွေထွေ အတွင်းအရေးမှူး (၂) ဗိုလ်မှူးကြီး တားပါင်လ၊ ဌာနဆိုင်ရာများ၊ သာသနာရေးဌာနများမှ စုစုပေါင်း လူဦးရေ (၂၀)ဦး  တက်ရောက်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *