ခင်ဦးမြို့နယ် ၊ ရွှေကူတဲစုကျေးရွာရှိ ရှင်ပြုကို အကြမ်းဖက်စစ်သား၊ ပျူများက ဝင်ရောက် ဖျက်ဆီးပြီး နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၇
စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် ၊ ရွှေကူတဲစုကျေးရွာကို ရှင်ပြုပွဲတစ်ခုကို အကြမ်းဖက်စစ်သား၊ ပျူများ က ဝင်ရောက်ဖျက်ဆီးခဲ့ပြီး နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန် ပြန် ကြားရေးဌာနထံက သိရ သည်။
ယမနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၅ နာရီဝန်းကျင်ခန့်က ပျဉ်ထောင်ပျူရွာမှ အင်အား ၅၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူများသည် ရွှေကူတဲစုကျေးရွာအတွင်း လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ကာ ပြည်သူတစ်ဦးက ပြုလုပ်သည့် ရှင်ပြုအလှူမင်္ဂလာပွဲကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့နောက် ရှင်ပြုအလှူလုပ်ရာနေအိမ်ဝန်းကျင်ရှိ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်း ဖက်စစ်သားမီးရှို့ဖျက်ဆီးမှုကြောင့် အလှူပွဲပျက်စီးသွားသည့်အပြင် မကြာသေးမီက ရိတ်သိမ်းသို လှောင်ထားသော စပါးတင်းရေ ရာချီဆုံးရှုံးခဲ့ကြောင်း၊ ထို့အပြင် ပြည်သူပိုင်ရိက္ခာများကိုလည်း ခိုးယူ သယ်ဆောင်သွားကြောင်း သိရသည်။
အကြမ်းဖက်စစ်သားများက ဝင်ရောက်ဖျက်ဆီးမှုကြောင့် ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်း ရှောင်နေခဲ့ရပြီး နံနက် ၇ နာရီ ဝန်းကျင်၌ အကြမ်းဖက်စစ်သား၊ ပျူများ ပျဉ်ထောင်ရွာသို့ ပြန်လည် ဝင်ရောက်ချိန်မှသာ ရွှေကူတဲစုကျေးရွာနေပြည်သူများက ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်ကာ မီးလောင်နေသော နေအိမ်များကို ငြှိမ်းသတ်ခွင့်ရရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး ဌာနက ရေးသားထားသည်။
Thanlwin Myanmar Media