Poem

0 0
Read Time:1 Minute, 12 Second

ကဗျာကဏ္ဍ “လူ့ဗာလတို့ သွားရာလမ်း”

 

ပျိုးကြဲလက်

 

အမှားအမှန် အကောင်းအဆိုးရယ်နဲ့

အကြောင်းအကျိုးကို ဝေဖန်ကာ မဆန်းစစ်နိုင်ဘု

လူညစ်ဗာလ ရှေးဘဝပေးကံကြမ္မာရယ်က

မခွဲမခွာ စွဲလို့သာ အကုသိုလ်အမြစ်ဆိုးရယ်ကြောင့်

ကောင်းကျိုးဆောင်ဖို့ မတတ်သာ ။

 

အများဝန် ဘယ်လိုပင် ထမ်းမဟဲ့ရယ်လို့

မကျွမ်းရာ လမ်းရှာဖောက်ပေမယ့်

မှန်းရာမပေါက် ရမ်းရာရောက်သမို့

စခန်းသာပျောက်ဆုံးပြင် ဂြိုလ်ဆိုးတကယ်ဝင်ပုံက

လူဆိုးအမြင်နဲ့ ကျော်ကြားလာ ။

 

အကုသိုလ် အမြစ်ဇောရယ်က

ဝစီမနော ကာယကံမှာနှောပြန်တော့

လောဘဒေါသ မောဟရယ်အထွေထွေနဲ့

အမှားဗရပွေ မနားမနေ ကျူးလွန်ကာ

မိုက်ရှာပေါ့ တနေ့ တစ်မျိုး ။

 

လူမိုက်နဲ့ လူဆိုးရယ်က

ပိုးဖလံမျိုး မီးပုံကို တိုးသလိုပ

အဝီစိအိုး ဂျိုးကပ်ချင်ကပ်စေတော့

အထပ်ထပ်အခါခါ မရိုးရအောင်ပ

ဆိုးချင်သပဆို မတားတော့ပါဘု

(ကွယ်)

သွားရော့ဒယ်အိုး ။   ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် ညနေ ၅ နာရီ ၅၉ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *