Magway News

0 0
Read Time:2 Minute, 15 Second

ရေစကြိုမြို့နယ်၊ သာဂေါင်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက် ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၇

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် နံနက်အစောပိုင်း ၁ နာရီခန့်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဒေသ၊ သာဂေါင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ဖြစ်ပွားခြင်းမရှိပဲ တိုက် လေယာဉ် ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် အမျိုးသား လူငယ် ၁ ဦးနှင့် အသက် ၅၅ နှစ်အရွယ် အမျိုးသား တစ်ဦးတို့သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ သာဂေါင်ကျေးရွာကို ကျဲချတာ၊ လေယာဉ် ၂ စီးနဲ့ ပေါင် ၅၀၀ လုံးကျဲသွားတာ၊ သေဆုံးတာက ၂ ယောက်ပေါ့၊ ၁၆ နှစ်အရွယ် ယောက်ျားတစ်ယောက်နဲ့ ၅၅ နှစ်အ ရွယ်အမျိုးသားတစ်ဦး သေတာ၊ ၃ ဦးဒဏ်ရာရတာ၊ သာဂေါင်ကျေးရွာရဲ့ မြောက်ဖျားကို ကျဲသွားတာ၊ လယ်ကွင်းတွေထဲကျတာ၊ ဒါပေမယ့် ပေါင် ၅၀၀ ဆိုတဲ့အတိုင်းပဲ အစတွေမှန်ပြီးတော့ သေဆုံးသွား တာ၊ နေအိမ်ပျက်စီးမှုကတော့ အတိအကျ အတည်မပြုနိုင်သေးဘူး။” ဟု ရေစကြိုမြို့နယ်ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ – ပကဖမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကျဲချမှုကြောင့် ရေစကြိုမြို့ပေါ်အထိ တုန်ခါမှုဖြစ်ခဲ့ပြီး မြို့နေ ပြည်သူများလည်း အိပ်ပျော်နေရာမှ လန့်နိုးမှုဖြစ်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *