ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က အသေခံ ဒရုန်း ၂ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စာသင်ကျောင်းခေါင်မိုးနှင့်မျက်နှာကျက် ပျက်စီး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က အသေခံ ဒရုန်း ၂ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းခေါင်မိုးနှင့် မျက်နှာကျက် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် ညနေ ၅ နာရီခန့်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော် သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ် ၊ တဂေးလောင်း ကျေးရွာစာသင်ကျောင်း အား အကြမ်းဖက်စစ်တပ်က လက်လုပ်အသေခံဒရုန်း (Suicide Drone) (၂)စ င်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရဿည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း ဒရုန်းတစ်စင်းသည် စာသင်ကျောင်းဆောင်ခေါင်မိုးအား ထိမှန်ခဲ့ပြီး စာ သင် ကျောင်းခေါင်မိုးနှင့် မျက်နှာကျက်များ ပျက်စီးကာ အခြား တစ်စင်းမှာ စာသင်ကျောင်းနှင့် မနီးမဝေးနေရာတွင်ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တဂေးလောင်းကျေးရွာနှင့် အနီးပတ်ဝန်း ကျင်ရွာများမှ ပြည်သူများ ကြောက်ရွံ့ထိတ်လန့်နေကြသည့်အပြင် စာသင်ကျောင်းများကိုလည်း လက်ရှိအခြေနေအရ ခေတ္တပိတ်ထားခဲ့ရကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် အသေခံဒရုန်း (Suicide Drone) (၂) စင်းဖြင့် ကျေးရွာစာသင် ကျောင်းနှင့် လူနေထိုင်ရာရပ်ရွာထဲသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်ကြောင်း KNU ဗဟို က ပြောဆိုထားသည်။
Photo – စစ်ကောင်စီမှ Drone ပစ်ခတ်မှုကြောင့် စာသင်ကျောင်းထိခိုက်ပျက်စီးခဲ့သည့် မှတ်တမ်း ဓာတ်ပုံများ။
Thanlwin Myanmar Media