ရန်ကုန်မြို့တွင် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခံကာ စစ်တပ်အတွင်း အတင်းအဓမ္မ ထည့်သွင်း ခံရသူ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁ ဦးအလင်းဝင်
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၇
ရန်ကုန်မြို့တွင် နေထိုင်ပြီး အကြမ်းဖက်စစ်တပ်သားများက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးကာ စစ်တပ်အတွင်း အတင်းအဓမ္မထည့်သွင်းခံရသူ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁ ဦး အလင်းဝင် ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၂၂ – မုံရွာနတ်ဆိုးတပ်ဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၇ ရက်န့က မုံရွာမြို့၊ မြို့တော်ခန်းမတွင် တာဝန်ကျနေသော စစ်မှုထမ်း အပတ်စဥ် ၅ သင်တန်းဆင်း ကိုအောင်မြင့်မြတ် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုကြောင်း ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်း ထံဆက်သွယ်ခဲ့ရာက အကူအညီတောင်းခံခဲ့သဖြင့် မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း – မုံရွာနတ်ဆိုး ရဲ ဘော်များက သွားရောက်ခေါ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ကို ရွှေဘိုခရိုင်တပ်ရင်း ၂၆ ကနေ အကူအညီတောင်းတာ။ မုံရွာမြို့တော်ခန်းမမှာ ရောက် နေတဲ့ စစ်မှုထမ်းအပတ်စဉ် ၅ စစ်သား တစ်ယောက်က ဒီဘက်ကို အလင်းဝင်ချင်လို့ အဲဒါလေးကူညီ ပေးပါဆိုလို့ ကျနော်တို့က သွားခေါ်ပေးရတာ၊ အခက်အခဲကတော့ မရှိခဲ့ပါဘူး။ သူတို့နဲ့ ပတ်သက်ပြီး အလင်းဝင်တာဆိုတော့ Save ဖြစ်မဖြစ် မသိရတော့ ဂရုတစိုက်နဲ့တော့ သွားရတာပေါ့၊ သူတစ် ယောက်တည်းပါပဲ၊ လက်နက်တော့ မပါခဲ့ဘူး။ လက်နက်က ယူဖို့မလွယ်လို့ မယူခဲ့ရတာ၊ မနေ့ကမှ ရွှေဘိုခရိုင်တပ်ရင်း ၂၆ ထံကို လွှဲပေးလိုက်ပြီ” ဟု မုံရွာခရိုင်တပ်ရင်း ၂၂ – မုံရွာနတ်ဆိုးတပ်ဖွဲ့မှ တပ် ရင်းမှူးက ပြောကြားသည်။
အလင်းဝင်ရောက်ခဲ့သူ အောင်မြင့်မြတ်သည် ရန်ကုန်မြို့ဇာတိဖြစ်ပြီး အကြမ်းဖက်စစ်သားများက စစ်မှုထမ်းစာရင်းတွင် ပါဝင်သည်ဟုဆိုကာ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ခံရသဖြင့် စစ်တပ်အတွင်းရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အခြေခံ စစ်သင်တန်း ၃ လ တက်ခဲ့ရပြီး အခြားတနေရာ မှ တဆင့် မုံရွာမြို့ကို ပို့ဆောင်ခံရကာ ရောက်ရှိနေသည်မှာ တစ်လခန့်ကြာမြင့်နေပြီဖြစ်ကြောင်း သိ ရသည်။
မုံရွာမြို့နယ်အတွင်း အလင်းဝင်ရောက်မည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများအနေဖြင့် မုံရွာ ခရိုင်အမှတ် ၂၂ နတ်ဆိုး တပ်ဖွဲ့ထံ ဆက်သွယ်နိုင်ပြီး အလင်းဝင်ရောက်လာမည့်သူများကိုကယ် ထုတ်ကာ ကောင်းမွန်စွာကြိုဆိုလက်ခံသွာ မည်ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media