ကဗျာကဏ္ဍ “သွေးကြွေး”
ပျိုးကြဲလက်
စစ်သည်ကောင်းက ၊ စစ်တိုက်ကြလျှင်
ဒါကရန်သူ ၊ ဒါပြည်သူဟု
လူသူခွဲခြား ၊ စစ်မက်ပွား၍
စစ်သားဂုဏ်ရည် ၊ စောင့်ထိန်းသည် ။
ရန်သူအလား ၊ ပြည်သူများကို
ထောင်လွှားအံတု ၊ စစ်မက်ပြုက
ပြည်မှုလည်းပွေ ၊ ကျင့်ဝတ်သွေ၍
ကြေအောင်သွေးကြွေး ၊ ပေးရမည် ။
မြို့ဖလမ်းမှ ၊ ဝေဘူလနှင့်
ကန့်ဘလူနယ် ၊ မြို့မလယ်၏
ရွာငယ်တစ်သီး ၊ ပဇီကြီးကို
တုန်းဟီးကျယ်စွာ ၊ ဗုံးကြဲရာတွင်
ရွာခံပြည်သူ ၊ သောကထူ၍
ကူရာကယ်မဲ့ ၊ နာကျင်ခဲ့၏ ။
ကျောင်းသားသူငယ် ၊ သန္ဓေရွယ်နှင့်
လူငယ်အများ ၊ ပြည့်ခွန်အားကို
ခါးသည်းစွာပါ့ ၊ သတ်ဖြတ်ကြ၍
သားစပြန့်ကျဲ ၊ ခန္ဓာစဲကာ
သေပွဲဝင်ရ ၊ လူ့ဘဝသည်
အလှဘယ်မှာ ၊ ရှိပါအံ့နည်း ။
ပြည်သူကမွေး ၊ တော်လှန်သွေးတို့
စစ်ခွေးဟောင်ဖွာ ၊ ရန်တုလာ၍
ယုတ်မာသိမ်ဖျင်း ၊ လေတပ်တွင်းမှ
အချင်းဉာဏ်မွဲ ၊ လေသူရဲကို
သေပွဲဝင်အောင် ၊ တိုက်စစ်ဆောင်ဟေ့။
ဘယ်နေ့ ဘယ်ပုံ၊ ဘယ်သို့ဆုံစေ
ကြုံလာမနှေး ၊ သည်စစ်ခွေးကို
အပြေးလိုက်ကာ သုတ်သင်ပါလော့
တွေ့ရာသင်္ချိုင်း ၊ ဓားမဆိုင်းဘဲ
ပိုင်ပိုင်းခုတ်ထစ် ၊ ချေမှုန်းပစ်ဟေ့ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက် ည ၉ နာရီ ၂၁ မိနစ်
Thanlwin Myanmar Media