Tanintharyi News

0 0
Read Time:3 Minute, 30 Second

ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရား၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး၊ စစ်တပ်ကလေကြောင်းဖြင့် တနေကုန်ဗုံးကြုဲတိုက်မှုကြောင့် နေအိမ် ၃ လုံးနှင့် ထမင်းဆိုင် တစ်ဆိုင်မီးလောင်ပြာကျ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၅

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရား၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင် စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်စစ်တပ်က လေကြောင်း ဖြင့် တနေကုန် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် ၃ လုံးနှင့် ထမင်းဆိုင်တစ်ဆိုင်မီးလောင် ပြာကျခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံမှ သိရသည်။

 

ဇန်နဝါရီလ ၉ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရား၌ တပ် စွဲထားသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ် ကောင်စီစစ်သား ၆ ဦးသေဆုံးပြီး ၈ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ၎င်းတို့၏ စခန်းမကျဆုံးစေရေးအတွက် Mi-2 ရဟတ်ယာဉ် ၂ စီး ၊ K-8W Jet Fighter ၂ စီးတို့ဖြင့် လေကြောင်းမှ ၂၃ ကြိမ် ဗုံးသီး ၇၀ လုံးခန့် ကို ညန ၆ နာရီအချိန်အထိ လှည့်ပတ်ကျဲချတိုက်ခိုက်ကာ အပြင်းအထန် ခုခံခဲ့သည်ဟုဆိုသည်။

 

“တိုက်ပွဲက မနက် ၁၀ နာရီခွဲကနေ ညနေ ၆ နာရီအထိဖြစ်တဲ့တာ၊ စခန်းက မသိမ်းနိုင်ခဲ့ဘူး။ လေ ကြောင်းကနေ တနေကုန်ပစ်ပေးနေလို့။ လေကြောင်းက တိုက်ခိုက်လို့ စက်တော်ရာရွာထဲက နေအိမ် ၃ ဆောင်နဲ့ ထမင်းဆိုင်တစ်ဆိုင် မီးလောင်ပျက်စီးပါတယ်။ လက်ရှိ စစ်ရေးတင်းမာနေတဲ့ နေရာတွေ က ပြည်ထောင်စုလမ်းမကြီးပေါ်မှာ။ အဲဒါကြောင့် ခရီးသွားပြည်သူတွေ အနေနဲ့ စစ်ရေးသတင်းတွေ ကို နားစွင့်ပြီးမှ ခရီးသွားလာကြဖို့ အကြံပြုချင်ပါတယ်” ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုက်ု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း နှင့် ကရင် အမျိုးသားကာကွယ်ရေးတပ် (KNDO) ၊ တပ်ရင်း ၇ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြိတ် ခရိုင်အမှတ် ၁ တပ်ရင်းမှ ရဲဘော် ၄ ဦး ၊ KNDO တပ်ရင်း ၇ မှ ရဲဘော် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

 

မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းအနေဖြင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း ၇ နှင့် ပူးပေါင်းကာ ညီညွတ်စွာဖြင့် တိုက်ပွဲဝင်လျက်ရှိပြီး လက်ရှိအချိန်ထိ အမှတ် ၈ ပြည်ထောင်စုလမ်းမ ကြီးပေါ်တွင် စစ်ရေးတင်းမာလျက်ရှိဆဲဖြစ်ကြောင်း၊ နေ့စဉ်နှင့်အမျှ နှစ်ဖက်အပြန်အလှန် ဒရုန်းဖြင့် တိုက်ခိုက်မှုများလည်း ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *