မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ အား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု ဗက ကောင်းထက်ဇော် အပါအဝင် ၆ ဦးသေဆုံးပြီး ဒုတိုင်းမှူးအဆောင်ပျက်စီး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် -နမခ အား ၁၀၇ မမ ရှော့ တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗက ကောင်းထက်ဇော်အပါအဝင် ၆ ဦးသေဆုံးပြီး ဒုတိုင်းမှူး အဆောင်ပျက်စီးခဲ့ကြောင်း BRAVE WARRIORS FOR MYANMAR – BWM အဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ည ၉ နာရီ ၄၅ မိနစ်အချိန်က အကြမ်းဖက် ကောင်စီ၏ အနောက် မြောက်တိုင်းစစ်ဌာနချုပ် – နမခ အား ၁၀၇ မမရှော့ဒုံး ၄ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗက ကောင်းထက်ဇော် (DSA အပတ်စဉ် ၆၂) အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ပွဲချင်းပြီးသေ ဆုံးပြီး တပ်ကြပ်ကြီး တစ်ဦးအပါအဝင် ၃ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အရေးပေါ်ကြပ်မတ်ဆောင်တွင် တင်ပို ကုသထားရကြောင်း သိရသည်။
ထို့အပြင် နမခ-ဒုတိုင်းမှူးအဆောင် လည်း ရှော့ဒုံးထိမှန်၍ ပြိုကျ ပျက်စီးခဲ့ကြောင်း နောက်ထပ် ထိ ခိုက်မှု၊ ပျက်စီးမှုများကိုလည်း ဆက်လက် စုံစမ်းဆဲ ဖြစ်ပြီး သိရှိရသည်များကို ထပ်မံကြေညာပေး သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ Shadow (မုံရွာ) ၊ Anonymous Heroes ၊ Chindwin Fighters ၊ ဒေါင်းမျိုးဆက် ဗိုလ်မုတ်ဆိတ် နှင့် Democratic Rangers အဖွဲ့တို့ ပူးပေါင်းကာ မစ်ရှင် ၃၀ အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနှင့် ချင်းပြည် နယ်တို့ရှိ တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့များကို အဓိကအမိန့်ပေးကွပ်ကဲနေသောစစ်ဌာနချုပ်ဖြစ်ပြီး ၎င်းဒေသများရှိ တော်လှန်ရေး အင်အားစုများအတွက် ကြီးမားသော အတားအဆီးဖြစ်နေသည်ဟု ဆို သည်။
ယင်းဒေသများရှိ တော်လှန်ရေးအရှိန် အဟုန် ယုတ်လျော့စေရန်နှင့် ပြည်သူများကို ညှင်းပန်း နှိပ် စက်ရာ၌ အဓိက ကြိုးကိုင်ခြယ်လှယ် နေသော စစ်ဌာနချုပ်ဖြစ်သောကြောင့် အရေးကြီး ပစ်မှတ် တစ်ခုအဖြစ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အပြင်မြန်မာပြည်၏ နေရာအနှံ့အပြားတွင် အစွမ်း ကုန်ကြိုးစားနေသည့် တော်လှန်ရေး တပ်ဖွဲ့များကို ထိရောက်သော အကူအညီဖြစ်စေရန် ရည်ရွယ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media