Poem

0 0
Read Time:59 Second

ကဗျာကဏ္ဍ “စည်တော်ရွှမ်းချိန်”

 

ပျိုးကြဲလက်

 

စစ်ကျွန်ခံ ငြီးငွေ့တော့

ဟည်းစေပေါ့ ဆိုင်းသံ

တီးပေလော့ ကျွန်မခံပြီ

တော်လှန်ဟန် ပြည့်သား ။

 

လက်သံက မြိုင်မြိုင်ကွယ်

အပြိုင်ကွယ် ဆော်ပေ့တအား ။

 

ရန်သူက ကြောက်ကန်နေတယ်

ဖြောင့်မှန်စေ တောင့်ထား ။

 

စည်တော်ကို ဆော်ငြားက

မော်ကြွားလို့ သွေးဆူ ။

 

ပြည်သူကို ရန်မှတ်လို့

ပြန်သတ်တဲ့ ခွေးစိတ်နဲ့လူ ။

 

အတိုးနဲ့ ပြန်ယူမယ်

နလံထူ လူစွမ်းပေါ့

မူကြမ်းကြမ်း တီးမယ်ဗျို

မြန်မာ့ဆိုင်းကို ။

 

နတ်ဒိုးနဲ့ ဗြောသံချိုတယ်

အောင်တေးဆို ဟည်းစေကွယ့်လေး ။

 

တပ်ဦးက စည်တော်ကိုလျှင်

ရန်ပြိုအောင် ဆော်ချင်ပေါ့လေး ။    ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် ည ၉ နာရီ ၂၁ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *