စစ်တပ်က ပြုန်းတီးလာသည့် စစ်အင်အားကို ဖြည့်တင်းရန် ရန်ကုန်မြို့အပါအဝင် ၎င်းတို့ထိန်းချုပ် နယ်မြေအတွင်းရှိ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေ
-
အချို့မြို့နယ်များတွင် တော်လှန်ရေးလမ်းကြောင်းသွေဖယ်လာခြင်းရှိနေပြီဖြစ်သဖြင့် တင်း တင်းကြပ်ကြပ်စီမံဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးချုပ် ညွှန်ကြား
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၅
စစ်ကောင်စီတပ်အနေဖြင့် ပြုန်းတီးလာသည့် စစ်အင်အားများကို ဖြည့်တင်းနိုင်ရန် ရန်ကုန်မြို့အပါအ ဝင် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ လူငယ်၊ လူရွယ်များကို အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးနေ ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၁၀ နာရီက ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂/ ၂၀၂၅ အစိုးရအဖွဲအစည်းအဝေးတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီလိုနှစ်သစ်ကူးကာလတွေအတွင်းမှာကိုပဲ အကြမ်းဖက် စစ်အုပ်စုဟာ မြန်မာနိုင်ငံ နေရာအနှံ အ ပြားမှာ လေကြောင်းတိုက်ခိုက်မှုတွေကို များစွာပြုလုပ်ခဲ့တာကြောင့် အပြစ်မဲ့ ပြည်သူတွေ၊ က လေး ငယ်တွေ၊ လူနေအဆောက်အဦးတွေ ထိခိုက်ဆုံးရှုးမှုရှိခဲ့တဲ့အတွက် အလွန်ပဲ စိတ်မကောင်း ဖြစ်ရပါ တယ်။ ရန်သူကတော့ သူ့အလုပ်ကို သူတစိုက်မတ်မတ် လုပ်နေတာကို တွေ့ရပါတယ်။ နေရာ ဒေသ အနှံက သူတိုရဲ့ ပြုန်းတီးလာတဲ့ စစ်အင်အားတွေကို ပြန်လည်ဖြည့်တင်း နိုင်ဖိုအတွက် ရန်ကုန် အပါ အဝင် နိုင်ငံတဝန်းမှ လူငယ်လူရွယ်များကို တပ်သားသစ်အဖြစ် နည်းမျိုးစုံသုံးပြီး ပေါ်တာဆွဲ ဖမ်းဆီး နေတဲ့ သတင်းတွေကိုလည်း ခပ်စိပ် စိပ် ကြားလာရပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းက ပြောကြားသည်။
ထို့အပြင် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းများတွင် အကြမ်းဖက်စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက စစ် မှုထမ်းကြေးဆိုကာ ပြည်သူများထံမှ ငွေညှစ်ခြိမ်းခြောက်မှုများလည်း ပြုလုပ်နေကြောင်း၊ ပြည်သူ များလည်း နည်းလမ်းပေါင်းစုံဖြင့် စိတ်ဒုက္ခ အတော်ရောက်နေကြရတာ ဖြစ်သောကြောင့် အလုပ် များ ပိုလုပ်ကာ ပိုမို အားစိုက်ကြရန် လိုအပ်ကြောင်း သတိပေးထားသည်။
အလားတူ ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများကို အခြေအနေပေါ်မူတည်၍ လုပ်ကိုင်ဆောင်ရွက် ရနေခြင်းဖြစ်ပြီး အလုပ်ဝန်ပိသည့် ဌာနလည်းရှိကြောင်း ၊ လူ့စွမ်းအားအရင်းအမြစ်များကို မျှဝေသုံးစွဲ နိုင်ရန် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။
“ဝန်ကြီးတွေ အားလုံးလည်း ဖြစ်နိုင်ချေရှိသမျှနည်းလမ်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ဘယ်လိုအား ကောင်းကောင်းနဲ့ မောင်းနှင်နိုင်မလဲဆိုတာကို တောက် လျှောက်တိုင်ပင် ဆွေးနွေး နေကြတာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကို အားကောင်းကောင်းနဲ့ မောင်းနှင်ဖိုဆိုတာ တော်လှန်ရေးကို မီးကုန်ယမ်းကုန် အားဖြည့်လုပ်ဆောင်နိုင်ဖိုပဲ ဖြစ်ပါတယ်။ အစိုးရ အနေနဲ့ ဘက် ပေါင်းစုံ ကဏ္ဍပေါင်းစုံကနေ လစ်ဟာမှုမရှိစေပဲ ကြိုးပမ်းရမှာ ဖြစ်သလို ဘယ်ကဏ္ဍမှာ ပြဿနာတွေ၊ အခက်အခဲတွေ ရှိနေသလဲဘယ်ကဏ္ဍကို ဦးစားပေး ဖြေရှင်းကြမလဲဆိုတာကိုတော့ အားစိုက်ဆောင် ရွက်ကြဖို့ လိုပါတယ်။ အခုဆိုရင် အုပ်ချုပ်ရေးကဏ္ဍဘက်နဲ့ အခွန် ဘဏ္ဍာဆိုင်ရာကဏ္ဍတွေ ဘက် မှာ အသံတွေ အတော်ထွက်ပြီး တချိုမြိုနယ်တာဝန်ရှိသူတွေ အနေနဲ့ တော်လှန်ရေးလမ်း ကြောင်းကို သွေဖယ်လာတာမျိုး တွေလည်းရှိတာမို တင်းတင်း ကြပ်ကြပ်စီမံဆောင်ရွက်သွားကြဖို့လည်း မှာကြား ရင်း နိဂုံးချုပ် ပါတယ်။ ” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။
Thanlwin Myanmar Media