NUG အစိုးရအဖွဲ့တွင် တိုင်းရင်းသားမဟာမိတ်အင်အားစုများအတွင်းမှ ထက်မြက်သည့် ပုဂ္ဂိုလ်များ ဖြင့် အားသစ်လောင်းဖြည့်တင်းပြီး လက်တွေ့ကျသည့် မဟာမိတ်တပ်ပေါင်းစု တည်ဆောက်မည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ ပြော
-
ပသုံးအုပ်ချုပ်ရေးယန္တရားပြောင်းလဲရေးကိုလည်း လုပ်ဆောင်မည်
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၅
NUG အစိုးရအဖွဲ့တွင် တိုင်းရင်းသားမဟာမိတ်အင်အားစုများအတွင်းမှ ထက်မြက်သည့် ပုဂ္ဂိုလ်များ ဖြင့် အားသစ်လောင်းဖြည့်တင်းပြီး လက်တွေ့ကျသည့် မဟာမိတ်တပ်ပေါင်းစု တည်ဆောက်မည်ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၁၀ နာရီက ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂/ ၂၀၂၅ အစိုးရအဖွဲအစည်းအဝေးတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“တိုင်းရင်းသားမဟာမိတ် အဖွဲတွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်တဲ့နေရာ မှာ လက်တွေ့ကျတဲ့ တပ်ပေါင်းစု ဖြစ်ဖို လိုတယ်လို ထင်ပါတယ်။ မဟာမိတ်အင်အားစုတွေထဲက ဦး ဆောင်နိုင်မှု ထက်မြက်တဲ့ လူပုဂ္ဂိုလ်တွေကို ကျွန်တော်တို အစိုးရအဖွဲအတွင်းမှာ အားသစ်လောင်း ဖြည့်ဆည်းခြင်း အားဖြင့် တည်ဆဲ အခြေအနေထက် ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေး လုပ်ငန်းစဉ်တွေ ကို ဆက်လက် အကောင်အထည်ဖော်နိုင်လိမ့်မယ်လို ကျွန်တော် ယုံကြည်ပါတယ်။” ဟု ယာယီ သမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ရှိ စစ်သားများအနေဖြင့် ပြည်သူ့ရင်ခွင်ကို ခိုလှုလာ ရန် ဖိတ်ခေါ်ထားကြောင်း ၊ ပြည်သူ့ရင်ခွင် ခိုလှုလာသည့် အရေးကိစ္စသည်လည်း အကြမ်းဖက်စစ် ကောင်စီ၏ ဒေါက်တိုင်ကို ဖြိုချသည့်နေရာနှင့် စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေးခရီးတွင် အဓိက အ ရေးကြီးသောကြောင့် ထိထိရောက်ရောက် လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။
NUG အစိုးရအဖွဲ့လက်အောက်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ များနှင့်ပတ်သက်၍လည်း ပြုပြင်ပြောင်းရေး လက်မနှေးကြ ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက ဆက်လက်တိုက်တွန်းထားသည်။
“တော်လှန်ရေးရဲ့ အုတ်မြစ်ဟာ လူထုဖြစ်ပါတယ်။ အဲသည့် လူထုဟာ ကျွန်တော်တိုရဲ့ ပသုံးလုံး ယန္တရားနဲ့ နေ့စဉ် ထိတွေ့နေကြရတာဖြစ်ပါတယ်။ လူထုထောက်ခံမှု ရရှိရေးနဲ့ လူထုယုံကြည် မှုကို ခိုင်ခိုင်မာမာ ရရှိရေးအတွက် လူထုနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ပသုံးလုံးအဖွဲတွေရဲ့ စွမ်းရည်နဲ့ ကျင့် ဝတ်ဟာ အထူးအရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပသုံးလုံး ယန္တရားဖြစ်တဲ့ ပြည်သူ့ကာကွယ် ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ တော်တည့်ဖြောင့်မှတ်ရေးဟာ အင်မတန် အ ရေးကြီးတယ်လို ပြောနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အ ထည်ဖော်ရာမှာ လက်လည်း မနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင်ပြောင်းလဲရေး ဆိုတာထက် လည်း ပိုသင့်တယ်လို ထင်ပါတယ်။ ” ဟု ၎င်းက ပြောကြားသည်။
Thanlwin Myanmar Media