Magway News

0 0
Read Time:3 Minute, 3 Second

ချောက်မြို့နယ်၊ လင်းတကိုင်းတိုက်နယ်အတွင်း ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သားများ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ်က ပြည်သူ့နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသည့် တိုက်နယ်ဆေး ရုံမှ ပစ္စည်းများကို ကားများဖြင့် ခိုးထုတ်သယ်ယူ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၅

 

မကွေးတိုင်း၊ ချောက်မြို့နယ်၊ လင်းတကိုင်းတိုက်နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော အ ကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြောင်း အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရ သည်။

 

ယနေ့ ဇန်နဝါရီလ ၁၄ ရက်နံနက် ၄ နာရီခန့်က အင်အား ၉၀ ခန့်ဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲကာ ချောက်မြို့နယ် ၊ လင်းတကိုင်းတိုက်နယ် အတွင်းရှိ ဆည်ကန်၊ သစ်လှကျေးရွာတို့ကို ဝင်ရောက်လာ သော အကြမ်းဖက်စစ်တပ် စစ်ကြောင်းအား ၆၀ မမ လက်ကန်ကြီးဖြင့် ၄ လုံးပစ်ခတ်တိုက်ခိုက်ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကတော့ မသိရသေးပါဘူး။ ၆၀ မမ လက်နက်ကြီး ၄ လုံးပစ်ခဲ့တာပါ။ မနက် ၄ နာရီ လောက်မှာ ၂ ဖွဲ့ခွဲပြီး ခြေလျင်စစ်ကြောင်းထိုးလာတာပါ။ ဆယ်ကန်ရွာထဲက နေအိမ် ၃ လုံးကို မီးရှို့ခဲ့ တယ်။ လင်းတကိုင်း တိုက် နယ်က ပြည်သူပိုင် အိမ်စီးကား ၂ စီး နဲ့ငွေကြေး အပါအဝင် ပြည်သူပိုင် ပစ္စည်းတွေ၊ လင်းတကိုင်း တိုက်နယ်ဆေးရုံက ပစ္စည်းတွေကို ၁၁ နာရီလောက်မှာ ကား တွေခေါ် ပစ္စည်း‌ တွေတင်ပြီး ပြန်ထွက်တယ်။ နေ့လည် ၂ နာရီလောက်မှာ ဩဇာတော ကားလမ်းမှာ အရပ် ဝတ်တွေနဲ့လဲ ကင်းပုန်းစောင့်တယ်၊ ကားလမ်းပေါ်ဖြတ်သွားတဲ့ကားတွေကိုလည်း စစ်ဆေးငွေ တောင်းနေပါတယ်” ဟု အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို အာဠာဝကမြို့ပြ ပြောက်ကျားတပ်ဖွဲ့၊ မကွေးခရိုင် ပကဖ တပ်ပေါင်းစု ၊ ချောက်မြို့နယ် ပက တပ်ဖွဲ့ နှင့် ချောက်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုံတို့ စစ်ရေးပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ချောက်မြို့နယ်၊ ဆည်ကန်ကျေးရွာအတွင်းရှိ ပြည်သူ့ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးကာ တိုက်နယ်အတွင်းရှိ ပြည်သူပိုင် အိမ်စီးကား ၂ စီး ငွေကြေး အပါအဝင် ကာလတန်ဖိုး ကျပ် သိန်း ၇၀၀ ခန့် ကို လုယက်ယူဆောင်ကြောင်း၊ ထို့အပြင် လင်း တကိုင်း တိုက်နယ်ဆေးရုံ မှ ဆေးဝါးများကို စစ်ကား ၆ စီးဖြင့် သယ်ယူဆောင်သွားကြောင်း သိရ သည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *